Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 8:19 - Judson Bible in Zawgyi Version

19 သို့​သော်​လည်း လူ​များ​တို့​က၊ မ​ဟုတ်​ပါ။ အုပ်​စိုး​သော ရှင်​ဘု​ရင်​ကို လို​ချင်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 သို့သော် သူ​တို့​သည် ရှမွေလ​စကား​ကို နားမထောင်​ဘဲ “​ထိုသို့​မ​ဟုတ်​ပါ​။ မည်သို့ပင်​ဖြစ်စေ အကျွန်ုပ်​တို့​ကို​အုပ်စိုး​သော​ရှင်ဘုရင် ရှိ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19-20 လူ​တို့​သည်​ရှ​မွေ​လ​ပြော​ကြား​သည်​ကို​ပ​မာ ဏ​မ​ပြု​ဘဲ``ထို​သို့​မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့ သည်​အ​ခြား​တိုင်း​ပြည်​များ​မှာ​ကဲ့​သို့​မိ​မိ တို့​အား​အုပ်​စိုး​၍ မိ​မိ​တို့​၏​စစ်​ပွဲ​များ​တွင် ရှေ့​ဆောင်​တိုက်​ခိုက်​ရန်​ဘု​ရင်​ကို​လို​ချင်​ပါ သည်'' ဟု​လျှောက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 8:19
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် နား​မ​ထောင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​တို့​ပြု​သည်​ထက် သာ၍ ဒု​စ​ရိုက်​ကို​ပြု​စေ​ခြင်း​ငှာ မ​နာ​ရှေ​သည် သွေး​ဆောင်​လေ၏။


ငါ၏​လူ​များ​မူ​ကား၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​ကို​အ​လို​မ​ရှိ​ကြ​ပါ​တ​ကား။


ငါ​သည်​လည်း ထို​သူ​တို့​ကို သူ​တို့​နှ​လုံး​ခိုင်​မာ​ခြင်း၌​အပ်၍၊ သူ​တို့​သည် မိ​မိ​တို့​အ​လို​သို့ လိုက်​ကြ၏။


ငါ​သည်​လည်း၊ သူ​တို့​ဖို့ ဘေး​ဥ​ပဒ်​များ​ကို ရွေး​မည်။ သူ​တို့​ကြောက်​သော​အ​မှု​ကို ရောက်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​သူ​မျှ​မ​ထူး။ ငါ​ပြော​သော​အ​ခါ သူ​တို့​သည် နား​မ​ထောင်​ကြ။ ငါ့​မျက်​မှောက်၌ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်၍၊ ငါ​မ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ​ကြ​၏။


သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍၊ ငါ​တို့​အား ဟော​ပြော​သော​စ​ကား​ကို ငါ​တို့​သည်​နား​မ​ထောင်။


ယ​ခု​တွင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့်​လည်း​ကောင်း၊ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ပြော​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်၊ ငါ​ခေါ်၍ သင်​တို့​သည် မ​ထူး​သော​ကြောင့်​လည်း​ကောင်း၊


ငါ၏​လူ​ကဲ့​သို့ သင့်​ထံ​သို့​လာ၍၊ ငါ၏​လူ​ကဲ့​သို့ သင့်​ရှေ့​မှာ​ထိုင်​လျက်၊ သင်၏​စ​ကား​ကို ကြား​သော်​လည်း၊ နား​မ​ထောင်​ဘဲ​နေ​ကြ၏။ အ​လွန်​ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​ကို နှုတ်​နှင့်​ပြ​သော်​လည်း၊ စိတ်​နှ​လုံး​မူ​ကား လော​ကီ​ဥ​စ္စာ​ကို စွဲ​လမ်း​လျက်​ရှိ၏။


သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သင်​သည် ဝင်​စား၍​နေ​သော​အ​ခါ၊ သင်​က၊ ငါ့​ပတ်​လည်၌​နေ​သော တစ်​ပါး​သော​လူ​မျိုး​အ​ပေါင်း​တို့​နည်း​တူ၊ ငါ​သည် ရှင်​ဘု​ရင်​အ​ရာ၌ တစ်​စုံ​တစ်​ယောက်​ကို ချီး​မြှောက်​မည်​ဟု ဆို​လျှင်၊


နောက်​တစ်​ဖန် အ​မ္မုန်​အ​မျိုး​သား ရှင်​ဘု​ရင်​နာ​ဟတ်​သည် စစ်​ချီ​မည်​အ​ကြောင်း​ကို သိ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် အ​ရင်​ကဲ့​သို့​မ​ဟုတ်၊ ရှင်​ဘု​ရင်​သည် အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​မည်​ဟု သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှင်​ဘု​ရင် လုပ်​လျက်​ပင် ငါ့​အား​လျှောက်​ထား​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ