Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 7:8 - Judson Bible in Zawgyi Version

8 ရှ​မွေ​လ​အား၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပါ​လော့​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​က ရှမွေလ​အား “​အကျွန်ုပ်​တို့​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ​ကယ်နုတ်​တော်မူ​ပါ​မည့်​အကြောင်း အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ အကျွန်ုပ်​တို့​အဖို့ ဆက်လက်​ဆုတောင်း​ပေး​ပါ​လော့​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ရှ​မွေ​လ​အား``အ​ကျွန်ုပ်​တို့​ကို​ဖိ​လိတ္တိ​အ​မျိုး သား​တို့​၏​လက်​မှ​ကယ်​တော်​မူ​ရန် အ​ကျွန်ုပ် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော် သို့​ဆု​တောင်း​ပေး​လျက်​နေ​ပါ'' ဟု​တောင်း​ပန် ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 7:8
7 ပူးပေါင်းရင်းမြစ်များ  

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် စေ​လွှတ်​သော မိ​မိ​ကျွန် ရာ​ဗ​ရှာ​ခ​စ​ကား​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပါ​စေ​သော။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် ကြား​သော​စ​ကား​ကို ချေ​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ကျန်​ကြွင်း​သော လူ​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​ဟု ပြော​စေ​ခြင်း​ငှာ၊


ဇိ​အုန်​မြို့​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့၏ ဖြောင့်​မတ်​ခြင်း​သည် ရောင်​ခြည်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏ ကယ်​တင်​ခြင်း​သည် ထွန်း​တောက်​သော ဆီ​မီး​ခွက်​ကဲ့​သို့​လည်း​ကောင်း မ​ထင်​ရှား​မီ​တိုင်​အောင် ထို​မြို့​အ​တွက် ငါ​သည် တိတ်​ဆိတ်​ငြိမ်​သက်​စွာ မ​နေ​ရ။


သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ၍၊ ပ​ရော​ဖက်​မှန်​လျှင်၊ ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း ကျန်​ကြွင်း​သေး​သော တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ၍​မ​သွား​ရ​မည်​အ​ကြောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။


အ​ကျွန်ုပ်​တို့​သည် အ​ထက်​က​များ​သော်​လည်း၊ ယ​ခု​ကိုယ်​တော် မြင်​သည်​အ​တိုင်း အ​နည်း​ငယ်​သာ ကျန်​ကြွင်း​ပါ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​တို့ အ​သ​နား​တော်​ခံ​သော​စ​ကား​ကို မ​ပယ်​ပါ​နှ​င့်။ အ​ကျွန်ုပ်​တို့ သွား​ရ​သော​လမ်း​နှ​င့် ပြု​ရ​သော​အ​မှု​ကို ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​အား ပြ​တော်​မူ​မည်​အ​ကြောင်း၊ ကျန်​ကြွင်း​သ​မျှ​သော​သူ၊ အ​ကျွန်ုပ်​တို့​အ​ဖို့ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ရ​ဘု​ရား​ထံ​တော်၌ ဆု​တောင်း​ပါ​လော့​ဟု တောင်း​ပန်​ကြ၏။


အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ကြ​လော့။ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ