၁ ဓမ္မရာဇဝင် 7:5 - Judson Bible in Zawgyi Version5 ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 ထိုအခါ ရှမွေလက သူတို့အား “အစ္စရေးတစ်မျိုးသားလုံးကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားထံ ငါဆုတောင်းပေးမည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ထိုနောက်ရှမွေလသည်ဣသရေလအမျိုး သားအပေါင်းတို့အား``ငါသည်မိဇပါမြို့ တွင်သင်တို့အတွက် ထာဝရဘုရားထံတော် သို့ဆုတောင်းပတ္ထနာပြုမည်ဖြစ်၍သင်တို့ သည်ထိုမြို့၌စုကြလော့'' ဟုဆင့်ဆိုမှာ ကြား၏။- အခန်းကိုကြည့်ပါ။ |
ဗာဗုလုန်ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ်အရာ၌ ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများတို့သည် ကြားသိသောအခါ၊ နာသနိသား ဣရှမေလ၊ ကာရာသား ယောဟနန်၊ နေတောဖတ်အမျိုး၊ တာနုမက်သား စရာယ၊ မာခလိအမျိုးသား ယေဇနိတို့သည် မိမိလူများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့ လာ၍၊
လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကိုလည်းကောင်း၊ ငယ်သောသူနှင့် နို့စို့သောသူတို့ကိုလည်းကောင်း စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲကလည်းကောင်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာတွင်းကလည်းကောင်း ထွက်စေ။
ယနေ့ ဂျုံစပါးရိတ်ရာကာလဖြစ်သည် မဟုတ်လော။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း၍ မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊