Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 6:4 - Judson Bible in Zawgyi Version

4 အ​ဘယ်​အ​ရာ​ကို ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ပြန်​ပေး​လိုက်​ရ​ပါ​မည်​နည်း​ဟု မေး​လျှင်၊ ဖိ​လိ​တ္တိ​မင်း အ​ရေ​အ​တွက်​အ​တိုင်း ရွှေ​မြင်း​သ​ရိုက်​ပုံ​ငါး​ခု​နှင့် ရွှေ​ကြွက်​ငါး​ကောင်​ကို​ပေး​လိုက်​ရ​မည်။ သင်​တို့​နှင့် သင်​တို့​မင်း​များ၌ ရော​ဂါ​တစ်​ပါး​တည်း စွဲ​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ဖိလိတ္တိ​လူမျိုး​တို့​က​လည်း “​မည်သည့်​အပြစ်ဒဏ်ဖြေရာယဇ်​ဖြင့် ပို့​လိုက်​ရ​မည်နည်း​”​ဟု မေး​လျှင် သူ​တို့​က “​ဖိလိတ္တိ​မင်း​အရေအတွက်​နှင့်အညီ ရွှေ​ပလိပ်နာဖု​အရုပ်​ငါး​ခု​နှင့် ရွှေ​ကြွက်​ရုပ်​ငါး​ခု​ကို ထုလုပ်​၍ ပေးလိုက်​ရ​မည်​။ သင်​တို့​နှင့် သင်​တို့​၏​မင်း​များ ခံစား​ရ​သော​ရောဂါ​မှာ တစ်မျိုးတည်း​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ဖိ​လိတ္တိ​ခေါင်း​ဆောင်​များ​က``ငါ​တို့​သည် အ​ဘယ်​ပူ​ဇော်​သကာ​ကို​ပေး​လှူ​ရ​ပါ​မည် နည်း'' ဟု​မေး​ကြ​လျှင် သူ​တို့​က``သင်​တို့​သည်​ဘု​ရင်​ငါး​ပါး​ကို​တစ် ပါး​လျှင် ရွှေ​အ​နာ​စိမ်း​ရုပ်​ငါး​ခု​နှင့်​ရွှေ​ကြွက် ရုပ်​ငါး​ခု​ပြု​လုပ်​၍​ပေး​လှူ​ရ​ကြ​မည်။ ဘု​ရင် ငါး​ပါး​နှင့်​သင်​တို့​အ​ပေါင်း​သည် ကပ်​ရော​ဂါ တစ်​မျိုး​တည်း​သင့်​ရ​ကြ​သည်​ဖြစ်​ရာ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 6:4
10 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ငွေ​တန်​ဆာ၊ ရွှေ​တန်​ဆာ၊ အ​ဝတ်​တန်​ဆာ​များ​ကို အဲ​ဂု​တ္တု​လူ​တို့၌​တောင်း​ကြ၏။


အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ မြောက်​မျက်​နှာ၌ ဧ​ကြုန်​မြို့​နယ်​တိုင်​အောင်၊ ခါ​န​နိ​လူ​နေ​သော​ပြည်၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​တည်း​ဟူ​သော ဂါ​ဇ​သိ​လူ၊ အာ​ဇော​တိ​လူ၊ ဧ​ရှ​က​လော​နိ​လူ၊ ဂိ​တ္တိ​လူ၊ ဧ​ကြော​နိ​လူ​နှင့်​တ​ကွ၊ အာ​ဝိ​လူ​နေ​သော​ပြည်၊


ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ရှံ​ဆုန်​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ​သည် အာ​ရှ​ကေ​လုန်​မြို့​သို့ သွား၍ မြို့​သား​သုံး​ဆယ်​ကို သတ်​ပြီး​မှ သူ​တို့​ဥ​စ္စာ​ကို​လု​ယူ၍ စ​ကား​ဝှက်​အ​နက်​ကို ဖော်​ပြ​သော​သူ​တို့​အား အ​ဝတ်​စုံ​တို့​ကို​ပေး​ပြီး​မှ၊ အ​မျက်​ထွက်၍ မိ​မိ​အ​ဘ​အိမ်​သို့ ပြန်​သွား​လေ၏။


ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​အ​စ​ရှိ​သော ခါ​န​နိ​လူ​အ​မျိုး​မျိုး၊ ဇိ​ဒုန်​လူ၊ ဗာ​လ​ဟေ​ရ​မုန်​တောင်​မှ​စ၍ ဟာ​မတ်​လမ်း​ဝ​တိုင်​အောင် လေ​ဗ​နုန်​တောင်​ပေါ်​မှာ​နေ​သော ဟိ​ဝိ​လူ​တို့​သည် ကျန်​ကြွင်း​ကြ၏။


သေ​ဘေး​နှင့်​လွတ်​သော်​လည်း မြင်း​သ​ရိုက်​နာ​ဖြင့် ဒဏ်​ခတ်​ခြင်း​ကို​ခံ​ရ၍၊ ထို​မြို့​အော်​ဟစ်​သော​အ​သံ​သည် မိုး​ကောင်း​ကင်​သို့ တက်​လေ၏။


အာ​ဇုတ်​မြို့​နှင့် မြို့​နယ်၌​နေ​သော​သူ​တို့​အ​ပေါ်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် လေး​သော​လက်​တော်​နှင့် ဖျက်​တော်​မူ၏။ မြင်း​သ​ရိုက်​အ​နာ​နှင့်​လည်း ဒဏ်​ခတ်​တော်​မူ၏။


ထို​မြို့​သို့​ဆောင်​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ထို​မြို့၌ ကြီး​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို​ပြု၍၊ မြို့​သူ​မြို့​သား အ​ကြီး​အ​ငယ်​တို့​ကို ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ကိုယ်​အ​တွင်း၌ မြင်း​သ​ရိုက်​အ​နာ​ကို ခံ​ရ​ကြ၏။


ထို​ကြောင့် မြင်း​သ​ရိုက်​ပုံ၊ မြေ​ကို​ဖျက်​တတ်​သော ကြွက်​ပုံ​တို့​ကို လုပ်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ကြ​မည်။ လက်​တော်​သည် သင်​တို့​နှင့် သင်​တို့​ဘု​ရား​အ​ပေါ်၊ သင်​တို့​မြေ​အ​ပေါ်​မှာ ပေါ့​ကောင်း​ပေါ့​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို လှည်း​ပေါ်​မှာ​တင်၍ ပြန်​ပေး​လိုက်​သော ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ရွှေ​တန်​ဆာ​တို့​ကို သေ​တ္တာ​တော်​နား​မှာ အ​ခြား​သော​သေ​တ္တာ၌ ထား​ပြီး​လျှင် လွှတ်​လိုက်၍ သွား​ပါ​လေ​စေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ