Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 6:2 - Judson Bible in Zawgyi Version

2 ဖိ​လိ​တ္တိ​လူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​လုပ်​သူ​များ​တို့​ကို ခေါ်၍ ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း။ သူ​နေ​ရင်း​အ​ရပ်​သို့ အ​ဘယ်​သို့​သော ပူ​ဇော်​သ​ကာ​နှင့် လွှတ်​လိုက်​ရ​ပါ​မည်​နည်း​ဟု မေး​မြန်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ဖိလိတ္တိ​လူမျိုး​တို့​သည် ယဇ်ပုရောဟိတ်​များ​၊ ဂမ္ဘီရပညာရှင်​များ​ကို ခေါ်​၍ “​ထာဝရဘုရား​၏​သေတ္တာ​တော်​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု မေးမြန်း​ပြီး “သူ့​နေရာ​သို့ မည်သို့​ပြန်ပို့​ရ​မည်​ကို အကျွန်ုပ်​တို့​အား ပြောပြ​ပါ​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယဇ်​ပု​ရော​ဟိတ်​များ​နှင့် မှော်​ဆ​ရာ​များ​ကို ဖိတ်​ခေါ်​ကာ``ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ငါ​တို့​အ​ဘယ်​သို့​ပြု​ရ ကြ​ပါ​မည်​နည်း။ ထို​သေတ္တာ​တော်​ကို​မူ​ရင်း အ​ရပ်​သို့​ပြန်​လည်​ပို့​ဆောင်​မည်​ဆို​ပါ​က ယင်း​နှင့်​အ​တူ​အ​ဘယ်​ပူ​ဇော်​သကာ​ကို ပေး​သင့်​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 6:2
10 ပူးပေါင်းရင်းမြစ်များ  

နံ​နက်​အ​ချိန်​ရောက်​သော​အ​ခါ၊ ဖာ​ရော​မင်း​သည် စိတ်​ပူ​ပန်၍၊ အဲ​ဂု​တ္တု​ဗေ​ဒင်​တတ် ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို​ခေါ်၍ အိပ်​မက်​တော်​ကို ပြန်​ကြား​တော်​မူ၏။ သို့​သော်​လည်း​ရှေ့​တော်၌ အ​နက်​ကို​ဖတ်​နိုင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။


ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​သည် ပ​ညာ​ရှိ​များ၊ ပြု​စား​တတ်​သော​သူ​များ​တို့​ကို​ခေါ်၍၊ အဲ​ဂု​တ္တု​အ​မျိုး ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်၊ ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့်​ထို​အ​တူ​ပြု၍၊


အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ယာ​ကုပ်​အ​မျိုး​သား​တည်း​ဟူ​သော ကိုယ်​တော်၏​လူ​တို့​ကို စွန့်​ပစ်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​ရှေ့​ပြည်​အ​တတ်​နှင့် ကြွယ်​ဝ၍၊ ဖိ​လိ​တ္တိ​လူ​တို့​ကဲ့​သို့ အ​နာ​ဂ​တ္တိ​ဆ​ရာ​ဖြစ်​ကြ၏။ တစ်​ပါး​အ​မျိုး​သား​နှင့် အ​ပေါင်း​အ​ဖော် ပြု​ကြ၏။


အိပ်​မက်​တော်​ကို ပြန်​ပြော​စေ​ခြင်း​ငှာ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ သူ​ပြု​ဆ​ရာ၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​ကြ​သည်​ရှိ​သော်၊


ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု ဟစ်​ကြော်​ပြီး​လျှင်၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ဖော်​ပြ​နိုင်​သော​သူ​သည် အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​စေ​ဟု ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​အား အ​မိန့်​တော်​ရှိ၍၊


ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် ကျမ်း​ပြု​ဆ​ရာ​ရှိ​သ​မျှ​တို့​ကို စု​ဝေး​စေ၍ ခ​ရစ်​တော်​ကို အ​ဘယ်​အ​ရပ်​မှာ ဖွား​မြင်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​တော်​မူ၏။-


လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​ကို အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​ကြ၏။ မင်း​များ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဂါ​သ​မြို့​သို့ ဆောင်​သွား​စေ​ဟု စီ​ရင်​သည်​အ​တိုင်း ဆောင်​သွား​ကြ၏။


ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​သည် ဖိ​လိ​တ္တိ​ပြည်၌ ခု​နစ်​လ​နေ​ပြီး​မှ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ