Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 6:16 - Judson Bible in Zawgyi Version

16 ထို​အ​မှု​ကို ဖိ​လိ​တ္တိ​မင်း​ငါး​ယောက်​တို့​သည် မြင်​ပြီး​မှ၊ ထို​နေ့​ချင်း​တွင် ဧ​ကြုန်​မြို့​သို့ ပြန်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ဖိလိတ္တိ​မင်း​ငါး​ပါး​သည် ဤ​အဖြစ်အပျက်​ကို ကြည့်​ပြီး ထို​နေ့​တွင်ပင် ဧကြုန်​မြို့​သို့ ပြန်သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဤ​အ​ခြင်း အ​ရာ​ကို​ကြည့်​ရှု​ကြ​ပြီး​နောက် ထို​နေ့​၌​ပင် ဧ​ကြုန်​မြို့​သို့​ပြန်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 6:16
7 ပူးပေါင်းရင်းမြစ်များ  

အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ မြောက်​မျက်​နှာ၌ ဧ​ကြုန်​မြို့​နယ်​တိုင်​အောင်၊ ခါ​န​နိ​လူ​နေ​သော​ပြည်၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​တည်း​ဟူ​သော ဂါ​ဇ​သိ​လူ၊ အာ​ဇော​တိ​လူ၊ ဧ​ရှ​က​လော​နိ​လူ၊ ဂိ​တ္တိ​လူ၊ ဧ​ကြော​နိ​လူ​နှင့်​တ​ကွ၊ အာ​ဝိ​လူ​နေ​သော​ပြည်၊


ဖိ​လိ​တ္တိ​မင်း​တို့​သည် ထို​မိန်း​မ​ဆီ​သို့​လာ၍၊ ရှံ​ဆုန်၌ ကြီး​သော​ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့်​တည်​သ​နည်း၊ သူ့​ကို ချည်​နှောင်၍ နှိပ်​စက်​ခြင်း​ငှာ အ​ဘယ်​သို့ တတ်​နိုင်​မည်​နည်း​ဟု သူ့​ကို​ချော့​မော့၍ စူး​စမ်း​ပါ။ ငါ​တို့​သည် ဝိုင်း၍ ငွေ​ဆယ်​တစ်​ပိဿာ​ကို ပေး​မည်​ဟု ဆို​ကြ၏။


ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​အ​စ​ရှိ​သော ခါ​န​နိ​လူ​အ​မျိုး​မျိုး၊ ဇိ​ဒုန်​လူ၊ ဗာ​လ​ဟေ​ရ​မုန်​တောင်​မှ​စ၍ ဟာ​မတ်​လမ်း​ဝ​တိုင်​အောင် လေ​ဗ​နုန်​တောင်​ပေါ်​မှာ​နေ​သော ဟိ​ဝိ​လူ​တို့​သည် ကျန်​ကြွင်း​ကြ၏။


တစ်​ဖန် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ဧ​ကြုန်​မြို့​သို့ ပို့​လိုက်​သ​ဖြင့်၊ ထို​မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​သူ​မြို့​သား​တို့​က၊ ငါ​တို့​နှင့် ငါ​တို့​လူ​များ​ကို​သတ်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ပါ​သည်​တ​ကား​ဟု ဟစ်​ကြော်​လျက်၊


နွား​မ​တို့​သည် ဗက်​ရှေ​မက်​လမ်း​သို့ တည့်​တည့်​လိုက်၍ မြည်​တွန်​လျက် သွား​ကြ၏။ လက်​ယာ​ဘက် လက်​ဝဲ​ဘက်​သို့​မ​လွှဲ လမ်း​မ​သို့​သာ လိုက်​ကြ၏။ ဖိ​လိ​တ္တိ​မင်း​တို့​သည် ဗက်​ရှေ​မက်​မြို့​နယ်​တိုင်​အောင် လိုက်​ကြ၏။


အ​ဘယ်​အ​ရာ​ကို ဒု​စ​ရိုက်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ပြန်​ပေး​လိုက်​ရ​ပါ​မည်​နည်း​ဟု မေး​လျှင်၊ ဖိ​လိ​တ္တိ​မင်း အ​ရေ​အ​တွက်​အ​တိုင်း ရွှေ​မြင်း​သ​ရိုက်​ပုံ​ငါး​ခု​နှင့် ရွှေ​ကြွက်​ငါး​ကောင်​ကို​ပေး​လိုက်​ရ​မည်။ သင်​တို့​နှင့် သင်​တို့​မင်း​များ၌ ရော​ဂါ​တစ်​ပါး​တည်း စွဲ​လျက်​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ