၁ ဓမ္မရာဇဝင် 5:9 - Judson Bible in Zawgyi Version9 ထိုမြို့သို့ဆောင်သွားသောနောက်၊ ထာဝရဘုရား၏လက်တော်သည် ထိုမြို့၌ ကြီးစွာသောဖျက်ဆီးခြင်းကိုပြု၍၊ မြို့သူမြို့သား အကြီးအငယ်တို့ကို ဒဏ်ခတ်တော်မူသဖြင့်၊ ကိုယ်အတွင်း၌ မြင်းသရိုက်အနာကို ခံရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 သေတ္တာတော်ကို သယ်ဆောင်သွားကြရာ ထိုမြို့ကိုလည်း ထာဝရဘုရား၏လက်တော်သည် ဒဏ်ခတ်တော်မူသဖြင့် အလွန်တုန်လှုပ်ချောက်ချားကြကုန်၏။ ထိုမြို့ရှိမြို့သားတို့ကိုလည်း အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် ပလိပ်ရောဂါဖြင့် ဒဏ်ခတ်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 သို့ရာတွင်ထိုအရပ်သို့သေတ္တာတော်ရောက်ရှိ ပြီးနောက် ထာဝရဘုရားသည်ထိုမြို့ကိုလည်း ဒဏ်ခတ်တော်မူပြန်သဖြင့် လူတို့သည်ထိတ်လန့် ကြကုန်၏။ ကိုယ်တော်သည်ကြီးငယ်မရွေးမြို့ သူမြို့သားအပေါင်းတို့အားအနာစိမ်းများ ပေါက်စေခြင်းအားဖြင့်ဒဏ်ခတ်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
လူကိုစေလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊ ဣသရေလအမျိုး၏ ဘုရားသခင့် သေတ္တာတော်သည် ငါတို့နှင့်ငါတို့လူများကို မသတ်စေခြင်းငှာ လွှတ်လိုက်ကြကုန်အံ့၊ မိမိနေရင်းအရပ်သို့ သွားပါလေစေဟု ဆိုကြ၏။ အကြောင်းမူကား၊ ဘုရားသခင်သည် အလွန်လေးသော လက်တော်ကို တင်တော်မူသဖြင့်၊ တစ်မြို့လုံးသေစေတတ်သော အနာရောဂါ နှံ့ပြားလေ၏။