Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 5:11 - Judson Bible in Zawgyi Version

11 လူ​ကို​စေ​လွှတ်၍ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့် သေ​တ္တာ​တော်​သည် ငါ​တို့​နှင့်​ငါ​တို့​လူ​များ​ကို မ​သတ်​စေ​ခြင်း​ငှာ လွှတ်​လိုက်​ကြ​ကုန်​အံ့၊ မိ​မိ​နေ​ရင်း​အ​ရပ်​သို့ သွား​ပါ​လေ​စေ​ဟု ဆို​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​လွန်​လေး​သော လက်​တော်​ကို တင်​တော်​မူ​သ​ဖြင့်၊ တစ်​မြို့​လုံး​သေ​စေ​တတ်​သော အ​နာ​ရော​ဂါ နှံ့​ပြား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ထို့ကြောင့် သူ​တို့​သည် လူ​လွှတ်​၍ ဖိလိတ္တိ​မင်း​အပေါင်း​တို့​ကို ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို အဝေး​သို့​ပို့​လိုက်​ပါ​လော့​။ သူ့​နေရာ သူ​ပြန်ရောက်​ပါစေ​။ သို့မဟုတ်လျှင် ငါ​တို့​နှင့် ငါ​တို့​လူမျိုး​ကို​သတ်ဖြတ်​လိမ့်မည်​”​ဟု ဆို​ကြ​၏​။ အကြောင်းမူကား ဘုရားသခင်​လက်​တော်​သည် ထို​မြို့​ကို ပြင်းထန်​စွာ​ဒဏ်ခတ်​သဖြင့် တစ်မြို့လုံး​သည် သေ​ရ​မည်​ကို ကြောက်လန့်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ထို့​ကြောင့်​သူ​တို့​သည်​ဖိ​လိတ္တိ​ဘု​ရင်​အ​ပေါင်း တို့​အား တစ်​ဖန်​ဖိတ်​ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ယင်း​၏​မူ​ရင်း​အ​ရပ်​သို့​ပြန်​ပို့​လိုက်​ကြ​ပါ။ သို့​မှ​သာ​လျှင်​ငါ​တို့​နှင့်​တ​ကွ​ငါ​တို့​၏​အိမ် ထောင်​စု​သား​များ​သည်​သေ​ဘေး​မှ​ကင်း​လွတ် ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ပြင်း​ထန်​စွာ​ဒဏ်​ခတ်​တော် မူ​သည်​ဖြစ်​၍​တစ်​မြို့​လုံး​ပင်​ကြောက်​လန့် တုန်​လှုပ်​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 5:11
7 ပူးပေါင်းရင်းမြစ်များ  

ဖာ​ရော​ဘု​ရင်၏​ကျွန်​တို့​က​လည်း၊ ဤ​လူ​သည် ငါ​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နှောင့်​ယှက်​ပါ​လိမ့်​မည်​နည်း။ ထို​သူ​တို့​သည် သူ​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဝတ်​ပြု​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ။ အဲ​ဂု​တ္တု​ပြည်​ပျက်​ကြောင်း​ကို သိ​တော်​မ​မူ​သေး​သ​လော​ဟု လျှောက်​ကြ​လျှင်၊


တစ်​ဖန် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို ဧ​ကြုန်​မြို့​သို့ ပို့​လိုက်​သ​ဖြင့်၊ ထို​မြို့​သို့​ရောက်​သော​အ​ခါ၊ မြို့​သူ​မြို့​သား​တို့​က၊ ငါ​တို့​နှင့် ငါ​တို့​လူ​များ​ကို​သတ်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင့်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ပါ​သည်​တ​ကား​ဟု ဟစ်​ကြော်​လျက်၊


အာ​ဇုတ်​မြို့​နှင့် မြို့​နယ်၌​နေ​သော​သူ​တို့​အ​ပေါ်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် လေး​သော​လက်​တော်​နှင့် ဖျက်​တော်​မူ၏။ မြင်း​သ​ရိုက်​အ​နာ​နှင့်​လည်း ဒဏ်​ခတ်​တော်​မူ၏။


ထို​ကြောင့် မြင်း​သ​ရိုက်​ပုံ၊ မြေ​ကို​ဖျက်​တတ်​သော ကြွက်​ပုံ​တို့​ကို လုပ်၍ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ကြ​မည်။ လက်​တော်​သည် သင်​တို့​နှင့် သင်​တို့​ဘု​ရား​အ​ပေါ်၊ သင်​တို့​မြေ​အ​ပေါ်​မှာ ပေါ့​ကောင်း​ပေါ့​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ