Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 4:19 - Judson Bible in Zawgyi Version

19 သူ၏​ချွေး​မ ဖိ​န​ဟတ်၏​မ​ယား​သည် ပ​ဋိ​သ​န္ဓေ​အ​ရင့်​အ​မာ​ရှိ၍ အ​ချိန်​နီး​လျက်၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​သည် ရန်​သူ​လက်​သို့​ရောက်​ကြောင်း၊ ယော​က္ခ​မ​နှင့်​လင် သေ​ကြောင်း​ကို​ကြား​သော​အ​ခါ၊ ကျော​ကုန်း၍ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ချက်​ချင်း​ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 သူ​၏​ချွေးမ​ဖြစ်​သူ ဖိနဟတ်​၏​မယား​သည်​လည်း သားဖွား​ခါနီး​ကိုယ်ဝန်​အရင့်အမာ​နှင့် ဖြစ်​နေ​၍ ဘုရားသခင်​၏​သေတ္တာ​တော် ရန်သူ့​လက်​သို့​ပါသွား​ကြောင်း​၊ ယောက္ခမ​နှင့်​ခင်ပွန်း​သေဆုံး​ကြောင်း သတင်း​များ​ကြား​ရ​သောအခါ ချက်ချင်းပင် သားဖွား​ခြင်း​ဝေဒနာ​အလူးအလိမ့်​ခံစား​လာ​ရ​၍ သားဖွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ဧ​လိ​၏​ချွေး​မ၊ ဖိ​န​ဟတ်​၏​ဇ​နီး​သည် ကိုယ် ဝန်​အ​ရင့်​အ​မာ​ရှိ​၍​မွေး​ဖွား​ချိန်​ပင်​နီး ကပ်​၍​နေ​လေ​ပြီ။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ရန်​သူ​တို့​လက်​သို့ ကျ​ရောက်​သွား​သည့်​အ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​၏​ယောက္ခ​မ​နှင့်​ခင်​ပွန်း​တို့​ကွယ်​လွန်​သွား ကြ​သည့်​အ​ကြောင်း​ကို​လည်း​ကောင်း ကြား​ရ သော​အ​ခါ​ရုတ်​တ​ရက်​သား​ဖွား​ခြင်း​ဝေ​ဒ​နာ ခံ​ရ​၍​က​လေး​မျက်​နှာ​မြင်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 4:19
7 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​ကို​လည်း၊ သင်၌​ကိုယ်​ဝန်​ဆောင်​ခြင်း​ဝေ​ဒ​နာ​ကို ငါ​အ​လွန်​များ​ပြား​စေ​မည်။ ပင်​ပန်း​စွာ​ဝေ​ဒ​နာ​ကို​ခံ၍ သား​ဖွား​ရ​မည်။ ကိုယ်​ခင်​ပွန်း၏​အ​လို​သို့​လိုက်၍၊ သူ၏​အုပ်​စိုး​ခြင်း​ကို​လည်း​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။


ထို​သို့​ပြင်း​စွာ​ခံ​နေ​ရ​စဉ်​တွင်၊ ဝမ်း​ဆွဲ​က၊ မ​စိုး​ရိမ်​နှင့်၊ သား​ယောက်ျား​ကို ရ​ပြီ​ဟု​ဆို​လေ၏။


ထို​အ​ခါ ယေ​ရော​ဗောင်၏​သား အ​ဘိ​ယ​သည်​နာ​သော​ကြောင့်၊


ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဓား​ဘေး​ဖြင့်​ဆုံး​သော်​လည်း၊ မု​ဆိုး​မ​တို့​သည် မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ​ကြ။


ဤ​အိမ်​ကို ရှိ​လော​ရွာ​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။ ဤ​မြို့​ကို​လည်း၊ မြေ​ပေါ်​မှာ လူ​အ​မျိုး​မျိုး ကျိန်​ဆဲ​သော​မြို့ ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ၏။


ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော် သ​တင်း​ကို​ကြား​သော​အ​ခါ၊ ဧ​လိ​သည် တံ​ခါး​နား​မှာ​ထိုင်​သော ခုံ​ပေါ်​က နောက်​သို့​လန်​ကျ​သ​ဖြင့်၊ လည်​ပင်း​ကျိုး၍ သေ​လေ၏။ အ​သက်​ကြီး၍ ကိုယ်​လေး​သော​သူ ဖြစ်၏။ ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​လေး​ဆယ် အုပ်​စိုး​သ​တည်း။


သေ​လု​သော​အ​ခါ အ​နား​မှာ​ရှိ​သော မိန်း​မ​တို့​က၊ မ​စိုး​ရိမ်​နှင့်။ သား​ယောက်ျား​ကို ဖွား​မြင်​ပြီ​ဟု ဆို​သော်​လည်း ပြန်​မ​ပြော၊ အ​မှု​မ​ထား​ဘဲ​နေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ