Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 4:13 - Judson Bible in Zawgyi Version

13 ရောက်​သော​အ​ခါ၊ ဧ​လိ​သည် လမ်း​နား၌ ခုံ​ပေါ်​မှာ​ထိုင်၍၊ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​အ​တွက် စိတ်​နှ​လုံး​တုန်​လှုပ်​လျက် စောင့်​နေ၏။ ပြေး​သော​သူ​သည် မြို့​ထဲ​သို့​ရောက်၍ သ​တင်း​ပြော​သ​ဖြင့်၊ တစ်​မြို့​လုံး အော်​ဟစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထို​သူ​ရောက်လာ​သော​အချိန်​တွင် ဧလိ​သည် ဘုရားသခင်​၏​သေတ္တာ​တော်​အတွက် စိတ်ပူပန်​သဖြင့် လမ်း​ဘေး​ထိုင်ခုံ​ပေါ်၌ ထိုင်​လျက်​စောင့်​နေ​၏​။ ထို​သူ​သည် မြို့​ထဲသို့​ရောက်လာ​ပြီး စစ်သတင်း​ကို ပြောကြား​သောအခါ တစ်မြို့လုံး​အော်ဟစ်​ငိုကြွေး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက် လွန်​စွာ​စိုး​ရိမ်​ပူ​ပန်​သ​ဖြင့် လမ်း​နံ​ဘေး​ရှိ မိ​မိ​၏​ထိုင်​ခုံ​ပေါ်​တွင်​ထိုင်​ကာ​အ​ကြောင် သား​ငေး​၍​နေ​၏။ ပြေး​လာ​သော​သူ​သည်​စစ် ရှုံး​သည့်​သ​တင်း​ကို မြို့​ထဲ​တွင်​ပြော​ကြား လိုက်​ရာ​လူ​အ​ပေါင်း​တို့​သည်​ထိတ်​လန့် လျက်​ဟစ်​အော်​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 4:13
9 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ အိမ်​တော်​တည်​ရာ​ကို​လည်း​ကောင်း၊ ဘုန်း​တော်​ထင်​ရှား​သော အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း အ​ကျွန်ုပ်​နှစ်​သက်​ပါ၏။


အို အာ​ရော်​မြို့​သား၊ လမ်း​နား​မှာ​ရပ်၍ ကြည့်​ရှု​လော့။ အ​ဘယ်​အ​မှု​ရှိ​သ​နည်း​ဟု၊ ပြေး​သော​ယောက်ျား​နှင့် အ​သက်​လွတ်​သော မိန်း​မ​ကို မေး​မြန်း​လော့။


ခါ​န​နိ​လူ အ​စ​ရှိ​သော ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​လျှင်၊ အ​ကျွန်ုပ်​တို့​ကို​ဝိုင်း၍ အ​ကျွန်ုပ်​တို့၏​နာ​မည်​ကို မြေ​ကြီး​မှ ပယ်​ရှင်း​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် ကြီး​မြတ်​သော နာ​မ​တော်​အ​ဖို့​အ​လို​ငှာ အ​ဘယ်​သို့ ပြု​တော်​မူ​မည်​နည်း​ဟု လျှောက်​ဆို၏။


ရှိ​လော​မြို့၌ စား​သောက်​ကြ​သော​နောက်၊ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တိုင်​နား​မှာ ထိုင်​စဉ်၊


အော်​ဟစ်​သံ​ကို ဧ​လိ​ကြား​သော်၊ အုတ်​အုတ်​ကျက်​ကျက်​သော အ​သံ​ကား၊ အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင်၊ ထို​သူ​သည် အ​လျင်​အ​မြန်​လာ၍ ဧ​လိ​အား​လျှောက်​လေ၏။


ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော် သ​တင်း​ကို​ကြား​သော​အ​ခါ၊ ဧ​လိ​သည် တံ​ခါး​နား​မှာ​ထိုင်​သော ခုံ​ပေါ်​က နောက်​သို့​လန်​ကျ​သ​ဖြင့်၊ လည်​ပင်း​ကျိုး၍ သေ​လေ၏။ အ​သက်​ကြီး၍ ကိုယ်​လေး​သော​သူ ဖြစ်၏။ ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​လေး​ဆယ် အုပ်​စိုး​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ