၁ ဓမ္မရာဇဝင် 31:8 - Judson Bible in Zawgyi Version8 နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှာလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ၊ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် လဲသေလျက်ရှိသည်ကို တွေ့မြင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကို ချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 တိုက်ပွဲဖြစ်ပြီးနောက်တစ်နေ့၌ဖိလိတ္တိ အမျိုးသားတို့သည် လူသေအလောင်းတို့ ထံမှပစ္စည်းတန်ဆာများကိုချွတ်ရန်ရောက် ရှိလာကြရာ ဂိလဗောတောင်ထိပ်တွင်လဲ ၍သေနေသောရှောလုနှင့်သားတော်သုံးပါး ကိုတွေ့ရှိကြ၏။- အခန်းကိုကြည့်ပါ။ |
အို ဂိလဗောတောင်တို့၊ သင်တို့အပေါ်မှာ နှင်းမကျစေနှင့်။ မိုးမရွာစေနှင့်။ ပူဇော်စရာအသီးကိုသီးသော လယ်ကွက်မရှိစေနှင့်။ အကြောင်းမူကား၊ ထိုအရပ်၌ သူရဲဆောင်သော ဒိုင်းတည်းဟူသော ရှောလုဆောင်သောဒိုင်းလွှား၊ ဆီနှင့်လိမ်းပြီးသော လက်နက်တော်ကို ရှုတ်ချလေပြီတကား။