Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 31:1 - Judson Bible in Zawgyi Version

1 ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို စစ်​တိုက်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​ရှေ့​မှာ​ပြေး​သ​ဖြင့်၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ အ​ထိ​အ​ခိုက်​နှင့် လဲ၍​သေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 တစ်ချိန်တွင် ဖိလိတ္တိ​လူမျိုး​တို့​နှင့် အစ္စရေး​လူမျိုး​တို့ တိုက်ခိုက်​ကြ​ရာ အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ထံ​မှ ထွက်ပြေး​ကြ​ရ​ပြီး ဂိလဗော​တောင်​ပေါ်တွင် လဲကျ​သေဆုံး​ကြ​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဂိ​လ​ဗော​တောင်​ပေါ်​တွင်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တိုက်​ပွဲ ဖြစ်​ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​များ အ​ပြား​ကျ​ဆုံး​ကြ​၏။ ကျန်​သော​သူ​တို့ သည်​ထွက်​ပြေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 31:1
10 ပူးပေါင်းရင်းမြစ်များ  

အို ဂိ​လ​ဗော​တောင်​တို့၊ သင်​တို့​အ​ပေါ်​မှာ နှင်း​မ​ကျ​စေ​နှင့်။ မိုး​မ​ရွာ​စေ​နှင့်။ ပူ​ဇော်​စ​ရာ​အ​သီး​ကို​သီး​သော လယ်​ကွက်​မ​ရှိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ သူ​ရဲ​ဆောင်​သော ဒိုင်း​တည်း​ဟူ​သော ရှော​လု​ဆောင်​သော​ဒိုင်း​လွှား၊ ဆီ​နှင့်​လိမ်း​ပြီး​သော လက်​နက်​တော်​ကို ရှုတ်​ချ​လေ​ပြီ​တ​ကား။


ထို​လု​လင်​က၊ ကျွန်​တော်​သည် ဂိ​လ​ဗော​တောင်​ပေါ်​သို့ အ​လို​လို​ရောက်​သော​အ​ခါ၊ ရှော​လု​သည် လှံ​တော်​ကို​မှီ​ထောက်​လျက်​နေ​ပါ၏။ ရ​ထား​စီး​သူ​ရဲ မြင်း​စီး​သူ​ရဲ​တို့​သည် ပြင်း​ထန်​စွာ​လိုက်​ကြ၏။


ရှော​လု၏​သား​ယော​န​သန်၌ ခြေ​ဆွံ့​သော သား​တစ်​ယောက်​ရှိ​ရစ်၏။ သူ​သည် အ​သက်​ငါး​နှစ်​ရှိ​သော​အ​ခါ၊ ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့် ယော​န​သန်​တို့၏​သ​တင်း​ကို​ကြား​လျှင်၊ အ​ထိန်း​သည် သူ့​ကို​ချီ၍​ပြေး​စဉ်​တွင်၊ အ​လျင်​အ​မြန်​ပြေး​သော​ကြောင့်၊ သူ​ငယ်​သည်​ကျ၍​ခြေ​ဆွံ့၏။ ထို​သူ​ငယ်၏​အ​မည်​ကား မေ​ဖိ​ဗော​ရှက်​တည်း။


သို့​မ​ဟုတ် သင်​တို့​သည် ဒု​စ​ရိုက်​ပြု​မြဲ​ပြု​လျှင်၊ ရှင်​ဘု​ရင်​နှင့်​တ​ကွ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လေ၏။


ထို​ကာ​လ၌ ဖိ​လိ​တ္တိ​လူ​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​အံ့​သော​ငှာ ဗိုလ်​ခြေ​များ​ကို စု​ဝေး​ကြ၏။ အာ​ခိတ်​မင်း​က​လည်း၊ သင်​သည် လူ​များ​ပါ​လျက် ငါ​နှင့်​လိုက်၍ စစ်​တိုက်​သွား​ရ​မည်​ကို ဆက်​ဆက်​သ​ဘော​ကျ​လော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊


ရှ​မွေ​လ​က​လည်း၊ သင်​သည် ငါ့​ကို​နှောင့်​ယှက်​လျက် အ​ဘယ်​ကြောင့်​ဖော်​သ​နည်း​ဟု ရှော​လု​ကို မေး​သော်၊ ရှော​လု​က၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ပါ​ပြီ။ ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို စွန့်​တော်​မူ​ပြီ။ ပ​ရော​ဖက်​အား​ဖြင့် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့် ထူး​တော်​မ​မူ။ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို၊ ကိုယ်​တော်​ပြ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခေါ်​ပါ​ပြီ​ဟု ပြော​ဆို၏။


ထို​မှ​တစ်​ပါး သင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်၌ အပ်​တော်​မူ​မည်။ နက်​ဖြန်​နေ့ သင်​နှင့် သင်၏​သား​တို့​သည် ငါ​နှင့်​အ​တူ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ အ​လုံး​အ​ရင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို၏။


ထို​အ​ခါ ဖိ​လိ​တ္တိ​လူ​တို့​သည် စု​ဝေး၍ ရှု​နင်​မြို့​မှာ တပ်​ချ​ကြ၏။ ရှော​လု​သည်​လည်း ဣ​သ​ရ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ သူ​တို့​သည် ဂိ​လ​ဗော​မြို့​မှာ တပ်​ချ​ကြ၏။


ဖိ​လိ​တ္တိ​လူ​တို့​သည် ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​မှာ စု​ဝေး​စေ​ကြ၏။ ဣ​သ​ရေ​လ လူ​တို့​သည် ယေ​ဇ​ရေ​လ​မြို့​မှာ ရှိ​သော စမ်း​ရေ​တွင်း​အ​နား၌ တပ်​ချ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ