Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 30:21 - Judson Bible in Zawgyi Version

21 မော၍ ဒါ​ဝိဒ်​နောက်​သို့ မ​လိုက်​နိုင်၊ ဗေ​သော်​ချောင်း​နား​မှာ နေ​ရစ်​သော လူ​နှစ်​ရာ​ရှိ​ရာ​သို့ ဒါ​ဝိဒ်​ရောက်၍၊ သူ​တို့​သည် ဒါ​ဝိဒ်​နှင့် သူ့၌​ပါ​သော​လူ​တို့​ကို ခ​ရီး​ဦး​ကြို​ပြု​လို​သော​ငှာ ထွက်​လာ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် အ​နီး​သို့​ရောက်​သော​အ​ခါ သူ​တို့​ကို​နှုတ်​ဆက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 မောပန်း​၍ ဒါဝိဒ်​နောက်သို့​မ​လိုက်​နိုင်​တော့​ဘဲ ဗေသော်​ချောင်း​နား​တွင်​နေ​ခဲ့​သော လူ​နှစ်ရာ​တို့​ရှိ​ရာ​သို့ ဒါဝိဒ်​ပြန်​ရောက်လာ​သောအခါ သူ​တို့​သည် ဒါဝိဒ်​နှင့် သူ​နှင့်အတူ​ပြန်လာ​သော​လူ​တို့​ကို ကြိုဆို​ရန် ထွက်လာ​ကြ​၏​။ ဒါဝိဒ်​သည် သူ​တို့​အနီး​သို့​ရောက်လာ​၍ သူ​တို့​အား နှုတ်ဆက်​စကား​ပြောဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ထို​နောက်​မော​ပန်း​လွန်း​သ​ဖြင့် မိ​မိ​နှင့်​မ​လိုက်​နိုင် ဘဲ​ဗေ​သော်​ချောင်း​အ​နီး​တွင် နေ​ရစ်​သူ​လူ​နှစ်​ရာ ရှိ​ရာ​သို့​ဒါ​ဝိဒ်​ပြန်​လည်​ရောက်​ရှိ​လာ​၏။ ထို​သူ တို့​သည်​ခ​ရီး​ဦး​ကြို​ပြု​ရန်​ထွက်​လာ​၍ ဒါ​ဝိဒ် တို့​လူ​စု​အား​နှုတ်​ဆက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 30:21
7 ပူးပေါင်းရင်းမြစ်များ  

ညီ​အစ်​ကို​ချင်း ချစ်​ခြင်း​မေ​တ္တာ၌ တည်​ကြ​လော့။ ဧည့်​သည်​ဝတ်​ပြု​ခြင်း​အ​မှု​ကို မ​မေ့​မ​လျော့​ကြ​နှင့်။-


အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​အ​ပေါင်း​သည် စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ စိတ်​ကြင်​နာ​ခြင်း၊ ညီ​အစ်​ကို​ချင်း​ကဲ့​သို့ ချစ်​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း ရှိ​ကြ​လော့။-


ဂိ​ဒေါင်​သည်​လည်း၊ သု​ကုတ်​မြို့​သား​တို့​ရှိ​ရာ​သို့ လာ၍၊ သင်​တို့​က၊ ပင်​ပန်း​သော သင့်​အ​မှု​ထမ်း​တို့​အား ငါ​တို့​သည် မုန့်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​သည် သင့်​လက်၌​ရှိ​သ​လော​ဟု ငါ့​ကို​ကဲ့​ရဲ့၍ သင်​တို့​ပြော​သော ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​ကို ကြည့်​ကြ​လော့​ဟု​ဆို​လျက်၊


ဤ​ဒိန်​ခဲ​ဆယ်​လုံး​ကို​လည်း ယူ၍ သူ​တို့​တပ်​မှူး​အား​ဆက်​လော့။ သင့်​အစ်​ကို​တို့​သည် ကျန်း​မာ​ခြင်း ရှိ​သည်​မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊ သူ​တို့​ထံ​မှာ သက်​သေ​တစ်​စုံ​တစ်​ခု​ကို ခံ​ယူ​လော့​ဟု မှာ​လိုက်​လေ၏။


ဒါ​ဝိဒ်​သည် မိ​မိ၌​ပါ​သော​အ​ရာ​တို့​ကို ရိ​က္ခာ​စောင့်​လက်၌ အပ်​ထား​ပြီး​လျှင်၊ တပ်​သား​စု​ထဲ​သို့​ပြေး၍ မိ​မိ​အစ်​ကို​တို့​ကို နှုတ်​ဆက်၏။


ဒါ​ဝိဒ်​နှင့် လူ​လေး​ရာ​တို့​သည် လိုက်​ကြ၏။ နှစ်​ရာ​တို့​သည်​မော၍ ဗေ​သော်​ချောင်း​ကို​မ​ကူး​နိုင်​သော​ကြော​င့် နေ​ရစ်​ကြ၏။


ဒါ​ဝိဒ်​နှင့် လိုက်​သွား​သော​သူ​တို့​တွင် အ​ဓ​မ္မ​လူ​ဆိုး​များ​တို့​က၊ ဤ​သူ​တို့​သည် ငါ​တို့​နှင့်​မ​လိုက်​သော​ကြောင့်၊ ငါ​တို့​ရ​သော ဥ​စ္စာ​တို့​တွင် သူ​တို့​သား​မ​ယား​မှ​တစ်​ပါး အ​ခြား​သော​ဥ​စ္စာ​ကို သူ​တို့​အား​မ​ပေး​ရ။ ကိုယ်​သား​မ​ယား​ကို ယူ၍ ထွက်​သွား​ကြ​စေ​ဟု ဆို​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ