Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 3:6 - Judson Bible in Zawgyi Version

6 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​သည် ထ​ပြီး​လျှင်၊ ဧ​လိ​ထံ​သို့ သွား၍၊ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု ဆို​သော်၊ ဧ​လိ​က ငါ​မ​ခေါ် ငါ့​သား၊ အိပ်​တော့​ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ထာဝရဘုရား​သည် ရှမွေလ​ကို​ထပ်၍​ခေါ်​ပြန်​၏​။ ရှမွေလ​သည်​လည်း ထ​၍​ဧလိ​ထံသို့​သွား​ပြီး “​အရှင်​ခေါ်​သောကြောင့် အကျွန်ုပ်​လာ​ပါ​သည်​”​ဟု​ဆို​လျှင် ဧလိ​က “​ငါ့​သား​၊ ငါ​မ​ခေါ်​ပါ​၊ ပြန်အိပ်​ပါ​လော့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6-7 ဘု​ရား​သ​ခင်​သည်​ရှ​မွေ​လ​ကို​တစ်​ဖန်​ခေါ်​တော် မူ​ပြန်​၏။ သူ​ငယ်​သည်​ထာ​ဝ​ရ​ဘု​ရား​ခေါ်​တော် မူ​မှန်း​ကို​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား​အ​ဘယ်​အ​ခါ​က​မျှ​ဗျာ ဒိတ်​ပေး​တော်​မ​မူ​ခဲ့​ဘူး​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​သူ​သည်​ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင် ခေါ်​သော​ကြောင့် လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ သို့​ရာ​တွင်​ဧ​လိ​က``ငါ့​သား​သင့်​ကို​ငါ မ​ခေါ်။ သင်​ပြန်​၍​အိပ်​လော့'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 3:6
6 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယော​သပ်​သည်​မျှော်​ကြည့်​၍ မိ​မိ​အ​မိ၏​သား၊ မိ​မိ​ညီ​ရင်း​ဗင်္ယာ​မိန်​ကို​မြင်​လျှင်၊ ဤ​သူ​ကား သင်​တို့​အ​ရင်​ပြော​သော သင်​တို့​ညီ​ဖြစ်​သ​လော​ဟု​မေး​လျက်၊ သင့်​ကို ဘု​ရား​သ​ခင်​ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော​ငါ့​သား​ဟု ဆို​ပြီး​မှ၊


တစ်​ဖန် ဇာ​ဒုတ်​သား​အ​ဟိ​မတ်​က၊ သို့​သော်​လည်း ကျွန်​တော်​သည် ကု​ရှိ​နောက်​မှာ ပြေး​ပါ​ရ​စေ​ဟု အ​ခွင့်​တောင်း​ပြန်​လျှင်၊ ယွာ​ဘ​က ငါ့​သား၊ ဝမ်း​မြောက်​စ​ရာ သ​တင်း​မ​ဟုတ်​သည်​ဖြစ်၍ အ​ဘယ်​ကြောင့် ပြေး​သွား​ချင်​သ​နည်း​ဟု ဆို​သော်​လည်း၊


လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-


ဧ​လိ​ထံ​သို့ ပြေး၍၊ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု ဆို​လျှင်၊ ဧ​လိ​က ငါ​မ​ခေါ်၊ အိပ်​တော့​ဟု ဆို​သည်​အ​တိုင်း၊ ရှ​မွေ​လ​သွား၍ အိပ်​ပြန်​လေ၏။


ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ​သေး။ ဗျာ​ဒိတ်​တော်​ကို မ​ခံ​ရ​သေး။


ပြေး​သော​သူ​က၊ အ​ကျွန်ုပ်​သည် စစ်​တိုက်​ရာ​မှ ရောက်​လာ​သော​သူ ဖြစ်​ပါ၏။ စစ်​တိုက်​ရာ​ထဲ​က ယ​နေ့ အ​ကျွန်ုပ်​ပြေး၍ လာ​ပါ၏​ဟု လျှောက်​လျှင်၊ ဧ​လိ​က၊ ငါ့​သား၊ အ​မှု​ကား​အ​ဘယ်​သို့​နည်း​ဟု​မေး​လေ​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ