Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 3:15 - Judson Bible in Zawgyi Version

15 ရှ​မွေ​လ​သည် နံ​နက်​တိုင်​အောင် အိပ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တံ​ခါး​တို့​ကို ဖွင့်​လေ၏။ မြင်​ရ​သော ရူ​ပါ​ရုံ​ကို ဧ​လိ​အား မ​ကြား​မ​ပြော​ဝံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ရှမွေလ​သည် နံနက်​တိုင်အောင် အိပ်​ပြီးမှ ထာဝရဘုရား​၏​အိမ်​တော်​တံခါး​များ​ကို ဖွင့်​၏​။ သူ​မြင်​ရ​သော နိမိတ်အာရုံ​အကြောင်း ဧလိ​အား ဖွင့်ပြော​ရ​မည်​ကို ရှမွေလ​ကြောက်ရွံ့​နေ​မိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 ရှ​မွေ​လ​သည်​မိုး​လင်း​သည်​တိုင်​အောင်​အိပ် ရာ​တွင်​နေ​ပြီး​မှ ဘု​ရား​သ​ခင်​၏​အိမ်​တော် တံ​ခါး​များ​ကို​ဖွင့်​၏။ သူ​သည်​မိ​မိ​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ဧ​လိ အား​မ​ပြော​ဝံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 3:15
8 ပူးပေါင်းရင်းမြစ်များ  

ဗေ​ရ​ခိ​နှင့် ဧ​လ​ကာ​န​သည် သေ​တ္တာ​တော်​တံ​ခါး​စောင့်​ဖြစ်၏။


သင်​တို့​တွင် အ​ဘယ်​သူ​သည် ငါ့​တံ​ခါး​တို့​ကို ပိတ်​လိမ့်​မည်​နည်း။ သင်​တို့​သည် ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို အ​ချည်း​နှီး​မ​ညှိ​ရ​ကြ။ သင်​တို့​ကို ငါ​အ​လို​မ​ရှိ၊ သင်​တို့​ပြု​သော ပူ​ဇော်​သ​ကာ​ကို ငါ​လက်​မ​ခံ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​တွင် ပ​ရော​ဖက်​ရှိ​လျှင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ၌ ထူး​ဆန်း​သော​ရူ​ပါ​ရုံ​အား​ဖြင့် ကိုယ်​ကို​ပြ​မည်။ သို့​မ​ဟုတ် အိပ်​မက်​အား​ဖြင့် ဗျာ​ဒိတ်​ပေး​မည်။


ရှိ​လော​မြို့၌ စား​သောက်​ကြ​သော​နောက်၊ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တိုင်​နား​မှာ ထိုင်​စဉ်၊


ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ရှေ့​နည်း​တူ လာ​ရပ်​လျက်၊ ရှ​မွေ​လ၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​က၊ အို​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကြား​ပါ​သည်​ဟု လျှောက်​လေ​သော်၊


ဧ​လိ​က၊ ငါ့​သား​ရှ​မွေ​လ​ဟု ခေါ်​လျှင်၊ ရှ​မွေ​လ​က အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု ထူး​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ