၁ ဓမ္မရာဇဝင် 3:14 - Judson Bible in Zawgyi Version14 ထိုကြောင့် ဧလိ၏အိမ်သားတို့ အပြစ်သည် ယဇ်နှင့် ပူဇော်သကာအားဖြင့် မဖြေ၊ အစဉ်အမြဲ တည်ရမည်အကြောင်း သူတို့အား ငါကျိန်ဆိုပြီဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 ထို့ကြောင့် ဧလိ၏အိမ်သူအိမ်သားတို့ကို ငါကျိန်ထားခဲ့ပြီ။ ဧလိအိမ်သူအိမ်သားတို့၏ဒုစရိုက်အပြစ်သည် ယဇ်ပူဇော်ခြင်း၊ ဘောဇဉ်ပူဇော်သက္ကာပူဇော်ခြင်းအားဖြင့် မည်သည့်အခါမျှအပြစ်လွတ်မည်မဟုတ်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 သို့ဖြစ်၍အဘယ်ယဇ်အဘယ်ပူဇော်သကာမျှ ဤဆိုးရွားသောအပြစ်ကိုဖြေလွတ်အောင်စွမ်း ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ငါသည်ဧလိ အိမ်ထောင်စုအားအလေးအနက်မြွက်ဆို၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
လူချင်း တစ်ယောက်ကိုတစ်ယောက် ပြစ်မှားလျှင်၊ တရားသူကြီး စစ်ကြောစီရင်ရ၏။ လူသည် ထာဝရဘုရားကို ပြစ်မှားလျှင်၊ သူ့အတွက် အဘယ်သူ တောင်းပန်လိမ့်မည်နည်းဟု ဆုံးမသော်လည်း၊ သူတို့သည် အဘ၏စကားကို နားမထောင်ကြ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကွပ်မျက်ခြင်းငှာ အလိုရှိတော်မူ၏။