Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 3:10 - Judson Bible in Zawgyi Version

10 ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ရှေ့​နည်း​တူ လာ​ရပ်​လျက်၊ ရှ​မွေ​လ၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​က၊ အို​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်​ကြား​ပါ​သည်​ဟု လျှောက်​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ထာဝရဘုရား​သည် ကြွလာ​၍​ရပ်​တော်မူ​လျက် “​ရှမွေလ​၊ ရှမွေလ​”​ဟု ယခင်က​ကဲ့သို့ ခေါ်​တော်မူ​လျှင် ရှမွေလ​က “​အမိန့်​ရှိ​တော်မူ​ပါ​။ ကိုယ်တော်​၏​အစေအပါး နာခံ​လျက်​ရှိ​ပါ​၏​”​ဟု ပြန်လျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ထာ​ဝ​ရ​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၍ ရှ​မွေ​လ​အ​နီး​တွင်​ရပ်​တော်​မူ​လျက်``ရှ​မွေ​လ၊ ရှ​မွေ​လ'' ဟု​ရှေး​နည်း​တူ​ခေါ်​တော်​မူ​၏။ ရှ​မွေ​လ​က``အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏ ကျွန်​နာ​ခံ​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 3:10
8 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က၊ ထို​သို့​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​ကို​အုပ်​စိုး​သော​ဗိုလ်​မှူး​ဖြစ်၍ ယ​ခု​ငါ​လာ​သည်​ဟု​ဆို၏။ ယော​ရှု​သည်​လည်း မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ကိုး​ကွယ်​လျက်၊ ကိုယ်​တော်​ကျွန်​အား အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​သော်၊


ယ​ခု​မှာ ရှင်​ဘု​ရင်​သည် သင်​တို့​ရှေ့၌ ကြွ​နေ​တော်​မူ၏။ ငါ​သည် အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​ပြီ။ ငါ့​သား​တို့​သည် သင်​တို့၌​ရှိ​ကြ၏။ ငါ​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​နေ့​တိုင်​အောင် သင်​တို့​ရှေ့၌ သွား​ပြီ။


ထာ​ဝ​ရ​ဘု​ရား​က၊ သ​တင်း​ကြား​သော​သူ​တိုင်း နား​နှစ်​ဖက်​ခါး​စေ​ခြင်း​ငှာ၊ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ တစ်​စုံ​တစ်​ခု​ကို​ပြု​မည်။


ရှ​မွေ​လ​သည် နံ​နက်​တိုင်​အောင် အိပ်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တံ​ခါး​တို့​ကို ဖွင့်​လေ၏။ မြင်​ရ​သော ရူ​ပါ​ရုံ​ကို ဧ​လိ​အား မ​ကြား​မ​ပြော​ဝံ့။


ထာ​ဝ​ရ​ဘု​ရား​သည် ရှိ​လော​မြို့၌ အ​ထပ်​ထပ် ထင်​ရှား​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် ရှ​မွေ​လ​အား ဗျာ​ဒိတ်​ပေး​တော်​မူ၏။ ရှ​မွေ​လ​စ​ကား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​လျှောက်​လုံး​ကို နှံ့​ပြား​လေ၏။


တ​တိ​ယ​အ​ကြိမ် ထာ​ဝ​ရ​ဘု​ရား​က၊ ရှ​မွေ​လ​ဟု ခေါ်​တော်​မူ​လျှင်၊ ရှ​မွေ​လ​ထ​ပြီး​လျှင် ဧ​လိ​ထံ​သို့​သွား၍ ကိုယ်​တော်​ခေါ်​သော​ကြောင့် အ​ကျွန်ုပ်​လာ​ပါ​သည်​ဟု​ဆို​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​ငယ်​ကို ခေါ်​တော်​မူ​ကြောင်း​ကို ဧ​လိ​သည်​ရိပ်​မိ​လျှင်၊


သင်​သွား၍ အိပ်​ဦး​တော့၊ နောက်​တစ်​ဖန်​ခေါ်​လျှင်၊ အို​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန် ကြား​ပါ​သည်​ဟု လျှောက်​ရ​မည်​အ​ကြောင်း ရှ​မွေ​လ​ကို မှာ​ထား​သည်​အ​တိုင်း၊ ရှ​မွေ​လ​သွား၍ မိ​မိ​နေ​ရာ၌ အိပ်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ