Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 28:9 - Judson Bible in Zawgyi Version

9 မိန်း​မ​က​လည်း၊ ရှော​လု​ပြု​သော​အ​မှု၊ စုန်း​နှင့်​နတ်​ဝင်​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ဖယ်​ရှင်း​သော အ​မှု​ကို သင်​သည်​သိ​လျက်​နှင့် ငါ့​ကို​သေ​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ငါ့​အ​သက်​ကို ကျော့​စမ်း​သ​နည်း​ဟု ပြန်​ပြော​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 သို့သော် ထို​မိန်းမ​က “​စင်စစ် ရှောလု​မင်းကြီး​သည် နတ်ဝင်သည်​များ​၊ နတ်ထိန်းသည်​များ​အား တိုင်းပြည်​ထဲမှ သုတ်သင်ဖယ်ရှား​ပစ်​လိုက်​သည်​ကို သင်​သိ​ပါ​လျက်​နှင့် အကျွန်ုပ်​အသတ်​ခံရ​အောင် အဘယ်ကြောင့် ထောင်ချောက်ဆင်​သနည်း​”​ဟု ပြန်ပြော​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​အ​မျိုး​သ​မီး​က``ရှော​လု​မင်း​သည်​ဗေ​ဒင် ဆ​ရာ​နှင့်​နတ်​ဝင်​သည်​တို့​အား ဣ​သ​ရေ​လ ပြည်​မှ​အ​ဘယ်​သို့​နှင်​ထုတ်​တော်​မူ​ခဲ့​သည် ကို​သင်​အ​မှန်​ပင်​သိ​ပါ​လျက် ကျွန်​မ​အ​သတ် ခံ​ရ​လေ​အောင်​အ​ဘယ်​ကြောင့်​ဤ​သို့​ကျွန်​မ အား​ကျော့​ကွင်း​ထောင်​၍​ဖမ်း​ပါ​သ​နည်း'' ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 28:9
5 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​ပြု​မိ​လျှင် ကိုယ်​ကို​လှည့်​စား၍ ကိုယ်​အ​သက်​ရှုံး​ပါ​ပြီ။ ရှင်​ဘု​ရင်​မ​သိ​သော​အ​မှု တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ ကိုယ်​တော်​သည်​လည်း ကျွန်​တော်​တစ်​ဖက်၌ နေ​ပါ​လိမ့်​မည်​ဟု ပြော​ဆို​သော်၊


ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ထို​စာ​ကို​ကြည့်​ပြီး​မှ၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ ငါ​သည်​အ​သက်​ပေး​ပိုင်၊ နုတ်​ပိုင်​သော​ဘု​ရား​ဖြစ်​သော​ကြောင့်၊ ဤ​သူ​သည် လူ​နူ​ကို​ချမ်း​သာ​ပေး​စေ​ခြင်း​ငှာ ငါ့​ထံ​သို့​စေ​လွှတ်​သ​လော။ ကြည့်​ကြ​လော့။ ဤ​သူ​သည် ငါ့​ကို​အ​ဘယ်​မျှ​လောက် ရန်​ရှာ​ချင်​သည်​ကို ကြည့်​ကြ​လော့​ဟု ဆို၏။


ကိုယ်​ကို​ကိုယ်​ညစ်​ညူး​စေ​ခြင်း​ငှာ၊ နတ်​ဝင်​သူ​ကို​မ​မှီ​ဝဲ​ရ။ စုန်း​လုပ်​သူ​ကို​လည်း မ​ရှာ​ဖွေ​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။


ရှော​လု​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​မှု​ကြောင့် အ​ဘယ်​အ​ပြစ်​မျှ မ​ရောက်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​လေ၏။


ထို​ကာ​လ၌ ရှ​မွေ​လ​မ​ရှိ၊ သေ​လွန်​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​လျက်၊ သူ့​ကို သူ​နေ​ရင်း​ရာ​မ​မြို့၌ သင်္ဂြိုဟ်​ကြ​ပြီ။ ရှော​လု​သည် စုန်း​နှင့် နတ်​ဝင်​အ​ပေါင်း​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ပယ်​ရှင်း​နှင့်​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ