Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 28:4 - Judson Bible in Zawgyi Version

4 ထို​အ​ခါ ဖိ​လိ​တ္တိ​လူ​တို့​သည် စု​ဝေး၍ ရှု​နင်​မြို့​မှာ တပ်​ချ​ကြ၏။ ရှော​လု​သည်​လည်း ဣ​သ​ရ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍ သူ​တို့​သည် ဂိ​လ​ဗော​မြို့​မှာ တပ်​ချ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ဖိလိတ္တိ​လူမျိုး​တို့ စုရုံး​ပြီး ရှုနင်​မြို့​သို့ လာရောက်​၍ စခန်းချ​ကြ​သောအခါ ရှောလု​သည်​လည်း အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို စုရုံး​ပြီး ဂိလဗော​တောင်​ပေါ်တွင် စခန်းချ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 ဖိ​လိတ္တိ​အ​မျိုး​သား​စစ်​သည်​များ​သည်​ရှု​နင် မြို့​အ​နီး​တွင်​စု​ရုံး​၍​တပ်​စ​ခန်း​ချ​လျက်​နေ ကြ​၏။ ရှော​လု​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဂိ​လ​ဗော​တောင် ထိပ်​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 28:4
9 ပူးပေါင်းရင်းမြစ်များ  

အို ဂိ​လ​ဗော​တောင်​တို့၊ သင်​တို့​အ​ပေါ်​မှာ နှင်း​မ​ကျ​စေ​နှင့်။ မိုး​မ​ရွာ​စေ​နှင့်။ ပူ​ဇော်​စ​ရာ​အ​သီး​ကို​သီး​သော လယ်​ကွက်​မ​ရှိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ သူ​ရဲ​ဆောင်​သော ဒိုင်း​တည်း​ဟူ​သော ရှော​လု​ဆောင်​သော​ဒိုင်း​လွှား၊ ဆီ​နှင့်​လိမ်း​ပြီး​သော လက်​နက်​တော်​ကို ရှုတ်​ချ​လေ​ပြီ​တ​ကား။


ထို​လု​လင်​က၊ ကျွန်​တော်​သည် ဂိ​လ​ဗော​တောင်​ပေါ်​သို့ အ​လို​လို​ရောက်​သော​အ​ခါ၊ ရှော​လု​သည် လှံ​တော်​ကို​မှီ​ထောက်​လျက်​နေ​ပါ၏။ ရ​ထား​စီး​သူ​ရဲ မြင်း​စီး​သူ​ရဲ​တို့​သည် ပြင်း​ထန်​စွာ​လိုက်​ကြ၏။


ဖိ​လိ​တ္တိ​လူ​တို့​သည် ဂိ​လ​ဗော​တောင်၌ ရှော​လု​ကို​သတ်၍၊ အ​လောင်း​တော်​ကို​ဆွဲ​ထား​ရာ ဗက်​ရှမ်​လမ်း​မှ ခိုး​သွား​သော ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သူ​မြို့​သား​တို့​ရှိ​ရာ​သို့ ရှင်​ဘု​ရင်​သွား၍၊ ရှော​လု​အ​ရိုး​နှင့် သား​တော်​ယော​န​သန်​အ​ရိုး​တို့​ကို​ယူ၍၊


ထို​သို့​နှင့်​အ​ညီ အ​ဆင်း​လှ​သော​အ​ပျို​မ​ကို ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​တွင်​ရှာ၍၊ ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို​တွေ့​သ​ဖြင့် အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။


တစ်​နေ့​သ၌ ဧ​လိ​ရှဲ​သည် ရှု​နင်​မြို့​သို့​သွား​ရာ​တွင်၊ ထို​မြို့၌ ထင်​ရှား​သော​မိန်း​မ​တစ်​ယောက်​သည် ဧ​လိ​ရှဲ​ကို ကျွေး​ခြင်း​ငှာ ခေါ်​ပင့်​လေ၏။ နောက်​မှ ထို​လမ်း​သို့​သွား​သော​အ​ခါ​ခါ၊ ကျွေး​ခြင်း​ကို​ခံ​အံ့​သော​ငှာ ထို​အိမ်​သို့​ဝင်​တတ်၏။


သူ​တို့​အ​ပိုင်း​အ​ခြား​သည် ယေ​ဇ​ရေ​လ​မြို့၊ ခေ​သု​လုတ်​မြို့၊ ရှု​နင်​မြို့၊


ရှော​လု​သည် ဖိ​လိ​တ္တိ​လူ​အ​လုံး​အ​ရင်း​ကို​မြင်​သော​အ​ခါ ကြောက်၍ အ​လွန်​တုန်​လှုပ်​သော စိတ်​နှ​လုံး​ရှိ၏။


ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို စစ်​တိုက်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​ရှေ့​မှာ​ပြေး​သ​ဖြင့်၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ အ​ထိ​အ​ခိုက်​နှင့် လဲ၍​သေ​ကြ၏။


နက်​ဖြန်​နေ့၌ ဖိ​လိ​တ္တိ​လူ​တို့​သည် အ​သေ​ကောင်​တို့၌ အ​ဝတ်​တန်​ဆာ​ကို ချွတ်​ခြင်း​ငှာ​လာ​သော​အ​ခါ၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ၊ ရှော​လု​နှင့် သူ၏​သား​သုံး​ယောက်​တို့​သည် လဲ​သေ​လျက်​ရှိ​သည်​ကို တွေ့​မြင်​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ