Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 28:18 - Judson Bible in Zawgyi Version

18 အ​ကြောင်း​မူ​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်။ ပြင်း​စွာ​သော​အ​မျက်​ကို အာ​မ​လက်​အ​မျိုး၌ မ​စီ​ရင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​မှု​ကို ယ​နေ့ သင်၌​ရောက်​စေ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 သင်​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​၊ ကိုယ်တော်​၏​ပြင်းစွာ​သော​အမျက်​တော်​အတိုင်း အာမလက်​လူမျိုး​တို့​အား မ​ပြု​ခဲ့​သောကြောင့် ထာဝရဘုရား​သည် ယနေ့ သင့်​အား ဤသို့​ပြု​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​ကို လွန်​ဆန်​၍ အာ​မ​လက်​အ​မျိုး​သား​များ​နှင့် သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့​ကို​အ​ကုန် အ​စင်​မ​ဖျက်​ဆီး​သ​ဖြင့် ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​ဤ​သို့​ဒဏ်​ခတ်​တော် မူ​ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 28:18
9 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​ကျိန်​သော​သူ​ကို သင်​လွှတ်​သော​ကြောင့်၊ သင့်​အ​သက်​သည် သူ့​အ​သက်​အ​တွက်၊ သင့်​လူ​တို့​သည် သူ့​လူ​တို့​အ​တွက်​အ​ရှုံး​ခံ​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို၏။


ထို​သို့​ရှော​လု​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ လွန်​ကျူး၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်​လည်း​ကောင်း၊


ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို​ကြိုး​စား၍ မ​ဆောင်​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​စေ။ လူ​အ​သက်​ကို မ​သတ်​ဘဲ မိ​မိ​ဓား​ကို သိမ်း​ရုပ်​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​စေ။


ရှော​လု​က​လည်း၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​ကို ငါ့​ထံ​သို့ ယူ​ခဲ့​ကြ​ဟု​ဆို​သ​ဖြင့်၊ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​လေ၏။


ရှော​လု​က၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဧ​ကန်​အ​မှန် နား​ထောင်​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား စေ​ခိုင်း​တော်​မူ​သော​လမ်း​သို့ လိုက်​ပါ​ပြီ။ အာ​မ​လက်​ရှင်​ဘု​ရင် အာ​ဂတ်​ကို​ဆောင်​ခဲ့၍၊ အာ​မ​လက်​အ​မျိုး​သား​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​ပြီ။


ရှ​မွေ​လ​က​လည်း၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို သင်​မှ​ဆုတ်​ယူ၍၊ သင့်​ထက်​ကောင်း​သော သင်၏​အိမ်​နီး​ချင်း​အား​ပေး​တော်​မူ​ပြီ။


သို့​ရာ​တွင် ရှော​လု​နှင့် လူ​များ​တို့​သည် အာ​ဂတ်​မင်း​နှင့်​တ​ကွ၊ သိုး နွား​အ​မြတ်​အ​လတ်၊ ဆူ​သော သိုး​သ​ငယ်၊ ကောင်း​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို နှ​မြော၍ ရှင်း​ရှင်း​မ​ဖျက်​ဆီး​ကြ။ အ​သုံး​မ​ဝင် ယုတ်​မာ​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို​သာ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ