Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 28:14 - Judson Bible in Zawgyi Version

14 အ​ဘယ်​သို့​သော အ​ယောင်​ဆောင်​သ​နည်း​ဟု မေး​ပြန်​သော်၊ လူ​အို​တက်​လာ​ပါ၏။ ဝတ်​လုံ​ခြုံ​လျက်​ရှိ​ပါ၏​ဟု လျှောက်​ပြန်​လျှင်၊ ရှ​မွေ​လ​ဖြစ်​ကြောင်း​ကို ရှော​လု​သည်​ရိပ်​မိ၍ မြေ​ပေါ်​မှာ ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ရှောလု​မင်းကြီး​က​လည်း “​မည်သည့်​ပုံစံ ရှိ​သနည်း​”​ဟု မေး​လျှင် သူ​က “​ဝတ်လုံ​ဝတ်​ထား​သော​အဖိုးအို​တစ်​ဦး တက်လာ​ပါ​၏​”​ဟု ဆို​၏​။ ထို​သူ​သည် ရှမွေလ ဖြစ်ကြောင်း ရှောလု​မင်းကြီး သိ​သဖြင့် မြေကြီး​ပေါ် ပျပ်ဝပ်​လျက် ရှိခိုး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ရှော​လု​က``ထို​သူ​သည်​အ​ဘယ်​သို့​အ​ဆင်း သဏ္ဌာန်​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ အ​မျိုး​သ​မီး​က``ထို​သူ​သည်​အို​မင်း​သူ​တစ် ဦး​ဖြစ်​၍​ဝတ်​လုံ​ကို​ခြုံ​ထား​ပါ​၏'' ဟု​ဖြေ ကြား​၏။ ထို​အ​ခါ​ရှော​လု​သည်​ရှ​မွေ​လ ဖြစ်​ကြောင်း​ကို​သိ​သ​ဖြင့် ရို​သေ​စွာ​မြေ​သို့ ဦး​ညွှတ်​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 28:14
7 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်​မှ ဧ​လိ​ယ​သည် သွား​ပြီး​လျှင်၊ နွား​ငါး​ရှဉ်း​နှင့် လယ်​ထွန်​လျက်၊ နောက်​ဆုံး​နွား​ရှဉ်း၌ ကိုယ်​တိုင်​လိုက်​သော ရှာ​ဖတ်​သား​ဧ​လိ​ရှဲ​ကို​တွေ့၍ အ​နား၌​လျှောက်​စဉ်​တွင်၊ မိ​မိ​ဝတ်​လုံ​ကို သူ့​အ​ပေါ်​မှာ​တင်​လေ၏။


ရှင်​ဘု​ရင်​က​လည်း၊ သင်​တို့​ကို​ကြို​ဆို​ခြင်း​ငှာ လာ၍ ဤ​သို့​ပြော​သော​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း​ဟု မေး​လျှင်၊


ဧ​လိ​ယ​သည် မိ​မိ​ဝတ်​လုံ​ကို​ယူ၍​လိပ်​ပြီး​မှ၊ ရေ​ကို​ရိုက်​သ​ဖြင့် ရေ​သည် တစ်​ဖက်​တစ်​ချက်​ကွဲ၍၊ ထို​သူ​နှစ်​ယောက်​တို့​သည် မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၏။


လှည့်​သွား​သော​အ​ခါ ရှော​လု​သည် ရှ​မွေ​လ၏​ဝတ်​လုံ​စွန်း​ကို ကိုင်​ဆွဲ၍ ဝတ်​လုံ​စုတ်​လေ၏။


ထို​နောက် ဒါ​ဝိဒ်​သည်​ထ၍ ဥ​မင်​ထဲ​က​ထွက်​လျက်၊ ကျွန်​တော်၏​သ​ခင်​အ​ရှင်​မင်း​ကြီး​ဟု ရှော​လု​နောက်၌ ဟစ်​သ​ဖြင့်၊ ရှော​လု​သည် နောက်​သို့​ကြည့်​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် မြေ​ပေါ်၌ ဦး​ချ၍ ပျပ်​ဝပ်​လျက်၊


ရှင်​ဘု​ရင်​က မ​စိုး​ရိမ်​နှင့်။ အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​သော်၊ မိန်း​မ​က၊ မြေ​ကြီး​ထဲ​က ဘု​ရား​တက်​လာ​သည်​ကို ကျွန်​မ​မြင်​ပါ​သည်​ဟု လျှောက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ