Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 28:12 - Judson Bible in Zawgyi Version

12 မိန်း​မ​သည် ရှ​မွေ​လ​ကို​မြင်​သော​အ​ခါ ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍၊ ကိုယ်​တော်​သည် ကျွန်​မ​ကို အ​ဘယ်​ကြောင့် လှည့်​စား​သ​နည်း။ ကိုယ်​တော်​သည် ရှော​လု​ဖြစ်​ပါ၏​ဟု ရှော​လု​အား​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 ထို​မိန်းမ​သည် ရှမွေလ​ကို မြင်​လျှင် အသံ​ကျယ်လောင်​စွာ​အော်ဟစ်​လျက် ရှောလု​မင်းကြီး​အား “​အဘယ်ကြောင့် အကျွန်ုပ်​ကို လှည့်စား​သနည်း​။ အရှင်​ကား ရှောလု​မင်းကြီး​ပင် မ​ဟုတ်​လော​”​ဟု ပြောဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 နတ်​ဝင်​သည်​မ​သည်​ရှ​မွေ​လ​ကို​မြင်​လျှင် အ​သံ​ကုန်​အော်​၍​ရှော​လု​အား``အ​ဘယ်​ကြောင့် ကျွန်​မ​အား​လိမ်​လည်​လှည့်​စား​တော်​မူ​ပါ သ​နည်း။ အ​ရှင်​ကား​ရှော​လု​ဘု​ရင်​ပင်​ဖြစ် ပါ​သည်​တ​ကား'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 28:12
5 ပူးပေါင်းရင်းမြစ်များ  

နံ​နက်​အ​ချိန်​ရောက်​မှ ယာ​ကုပ်​သည်​ကြည့်​ရှု​သော​အ​ခါ၊ လေ​အာ​ဖြစ်​ကြောင်း​ကို သိ​မြင်​လျှင်၊ လာ​ဗန်​ထံ​သို့​သွား၍ ကျွန်ုပ်၌​ပြု​သော​အ​မှု​ကား၊ အ​ဘယ်​သို့​နည်း။ ကျွန်ုပ်​သည်​ရာ​ခေ​လ​ကို​ရ​ခြင်း​ငှာ အ​စေ​ခံ​ရ​ပြီ မ​ဟုတ်​လော။ ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် လှည့်​စား​ရ​သ​နည်း​ဟု​ဆို​သော်၊


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယေ​ရော​ဗောင်​မ​ယား​သည် သား​နာ​သော​ကြောင့်၊ သား​အ​တွက်​တစ်​စုံ​တစ်​ခု​ကို တောင်း​အံ့​သော​ငှာ သင့်​ဆီ​သို့ ယ​ခု​လာ၏။ ဤ​မည်​သော​စ​ကား​ဖြင့် ပြန်​ပြော​ရ​မည်။ သူ​သည် လာ​သော​အ​ခါ အ​ခြား​သော မိန်း​မ​ဖြစ်​ယောင်​ဆောင်​လိမ့်​မည်​ဟု အ​ဟိ​ယ​အား မိန့်​တော်​မူ၏။


မိန်း​မ​က​လည်း၊ အ​ဘယ်​သူ​ကို ငါ​ဖော်​ရ​မည်​နည်း​ဟု မေး​လျှင်၊ ရှော​လု​က၊ ရှ​မွေ​လ​ကို​ဖော်​ပါ​ဟု ဆို၏။


ရှင်​ဘု​ရင်​က မ​စိုး​ရိမ်​နှင့်။ အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​သော်၊ မိန်း​မ​က၊ မြေ​ကြီး​ထဲ​က ဘု​ရား​တက်​လာ​သည်​ကို ကျွန်​မ​မြင်​ပါ​သည်​ဟု လျှောက်၏။


ထို​ကာ​လ၌ ရှ​မွေ​လ​မ​ရှိ၊ သေ​လွန်​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​လျက်၊ သူ့​ကို သူ​နေ​ရင်း​ရာ​မ​မြို့၌ သင်္ဂြိုဟ်​ကြ​ပြီ။ ရှော​လု​သည် စုန်း​နှင့် နတ်​ဝင်​အ​ပေါင်း​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ပယ်​ရှင်း​နှင့်​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ