၁ ဓမ္မရာဇဝင် 26:6 - Judson Bible in Zawgyi Version6 ဒါဝိဒ်ကလည်း၊ ရှောလုရှိရာတပ်သို့ ငါနှင့်အတူ အဘယ်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသား အဟိမလက်နှင့် ဇေရုယာ၏သား ယွာဘညီ အဘိရှဲတို့ကို မေးလျှင်၊ အဘိရှဲက ကျွန်တော်လိုက်ပါမည်ဟု လျှောက်သည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 ဒါဝိဒ်သည် ဟိတ္တိလူမျိုး အဟိမလက်နှင့် ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား “ရှောလုတပ်စခန်းသို့ဆင်းသွားလျှင် ငါနှင့် မည်သူလိုက်မည်နည်း”ဟု မေးရာ အဘိရှဲက “အကျွန်ုပ် လိုက်ပါမည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ထိုနောက်ဒါဝိဒ်သည်ဟိတ္တိအမျိုးသားအဟိ မလက်နှင့်ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား``သင်တို့နှစ်ဦးအနက် အဘယ်သူသည်ရှောလု၏တပ်စခန်းသို့ ငါနှင့်အတူ လိုက်ပါမည်နည်း'' ဟုမေး၏။ အဘိရှဲက``အကျွန်ုပ်လိုက်ပါမည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတစ်ယောက်သည် ကြိတ်ဆုံကျောက်တစ်ဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမလက်သေသည် မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ကျွန် ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရမည်ဟု မှာထား၍ စေလွှတ်လေ၏။
အကြောင်းမူကား၊ ရှုရိလူတို့သည် ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကို ကြားစေခြင်းငှာ၊ ထာဝရဘုရားပြုတော်မူသဖြင့် သူတို့က ဣသရေလရှင်ဘုရင်သည် ငါတို့ကိုတိုက်စေခြင်းငှာ၊ ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှားပြီဟု တစ်ယောက်ကိုတစ်ယောက် ဆိုလျက်၊