Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 26:5 - Judson Bible in Zawgyi Version

5 ထို​အ​ခါ ဒါ​ဝိဒ်​သည် ထ​သွား၍၊ ရှော​လု​တပ်​ချ​ရာ​အ​ရပ်​သို့ ရောက်​သ​ဖြင့်၊ ရှော​လု​နှင့် ဗိုလ်​ချုပ်​မင်း နေ​ရ၏​သား​အာ​ဗ​နာ အိပ်​ရာ​အ​ရပ်​ကို ကြည့်​ရှု​လေ၏။ ရှော​လု​သည် ရ​ထား​တပ်​အ​လယ်၌​အိပ်​လျက်၊ တပ်​သား​တို့​သည် ပတ်​လည်၌ နေ​ရာ​ကျ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ထိုအခါ ဒါဝိဒ်​သည် ထ​၍ ရှောလု​မင်းကြီး စခန်းချ​ရာ​နေရာ​သို့​သွား​လျှင် ရှောလု​မင်းကြီး​နှင့် သူ​၏​စစ်သူကြီး​ဖြစ်​သော နေရ​၏​သား​အာဗနာ​တို့ အိပ်​သော​နေရာ​ကို တွေ့​လေ​၏​။ ရှောလု​မင်းကြီး​သည် တပ်သား​များ​ဝိုင်းရံ​ထား​သော​တပ်စခန်း​အလယ်​တွင် အိပ်​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 သူ​သည်​ရှော​လု​တပ်​ချ​ရာ​သို့​ချက်​ချင်း​သွား ၍​ရှော​လု​နှင့်​နေ​ရ​၏​သား၊ ရှော​လု​၏​ဗိုလ်​ချုပ် အာ​ဗ​နာ​တို့​အိပ်​စက်​သည့်​နေ​ရာ​ကို​ကြည့်​ရှု ၏။ ရှော​လု​သည်​တပ်​စ​ခန်း​အ​လယ်​တွင်​အိပ်​၍ သူ​၏​လူ​တို့​မူ​ကား​သူ့​ကို​ဝိုင်း​ရံ​လျက်​အိပ် ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 26:5
10 ပူးပေါင်းရင်းမြစ်များ  

အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် အ​သင့်​အ​တင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ မြို့​တံ​ခါး​နား​သို့ ခေါ်​ပြီး​လျှင်၊ ညီ​အာ​သ​ဟေ​လ သေ​သည်​အ​တွက် သူ၏​ဝမ်း​ကို​ထိုး၍ သူ​သည်​လည်း​သေ၏။


နေ​ရ​သား​ကား ကိ​ရှ၊ ကိ​ရှ​သား​ရှော​လု၊ ရှော​လု​သား​တို့​ကား ယော​န​သန်၊ မေ​လ​ခိ​ရွှ၊ အ​ဘိ​န​ဒပ်၊ ဣ​ရှ​ဗာ​လ​တည်း။


ဒါ​ဝိဒ်​သည် နံ​နက်​စော​စော​ထ၍ သိုး​တို့​ကို သိုး​ထိန်း၌​အပ်​ပြီး​လျှင်၊ အ​ဘ​မှာ​လိုက်​သည်​အ​တိုင်း စား​စ​ရာ​ကို​ယူ​သွား၍၊ ရိ​က္ခာ​လှည်း​ထား​ရာ​သို့ ရောက်​သော​အ​ခါ၊


ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို တိုက်​ခြင်း​ငှာ ထွက်​သွား​သည်​ကို ရှော​လု​သည်​မြင်​လျှင်၊ ထို​လု​လင်​ကား အ​ဘယ်​သူ၏​သား​ဖြစ်​သ​နည်း​ဟု ဗိုလ်​ချုပ်​မင်း​အာ​ဗ​နာ​ကို မေး၏။ အာ​ဗ​နာ​က​လည်း၊ အ​ရှင်​မင်း​ကြီး အ​သက်​တော်​ရှင်​သည်​အ​တိုင်း ကျွန်​တော်​မ​သိ​ပါ​ဟု လျှောက်​လျှင်၊


သူ​လျှို​တို့​ကို စေ​လွှတ်၍ ရှော​လု​ရောက်​ကြောင်း​ကို အ​တပ်​သိ၏။


ဗင်္ယာ​မိန်​အ​မျိုး​သား အာ​ဖိ၊ ဗေ​ခေါ​ရတ်၊ ဇေ​ရော်၊ အ​ဗျေ​လ​မှ ဆင်း​သက်၍ ကိ​ရှ​အ​မည်​ရှိ​သော ဗင်္ယာ​မိန်​အ​မျိုး​သား​တစ်​ယောက် ရှိ၏။ သူ​သည်​အ​လွန် ခွန်​အား​ကြီး​သော​သူ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ