Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 26:18 - Judson Bible in Zawgyi Version

18 တစ်​ဖန်​ဒါ​ဝိဒ်​က၊ သ​ခင်​သည် ကိုယ်​တော်​ကျွန်​ကို အ​ဘယ်​ကြောင့် ဤ​သို့​လိုက်၍​ရှာ​တော်​မူ​သ​နည်း။ ကျွန်​တော်​သည် အ​ဘယ်​သို့​ပြု​ပါ​သ​နည်း။ ကျွန်​တော် အ​ဘယ်​အ​ပြစ် ရှိ​ပါ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 အကျွန်ုပ်​၏​သခင်​၊ အဘယ်ကြောင့် သခင့်​အစေအပါး​နောက်သို့ လိုက်​နေ​ရ​ပါ​သနည်း​။ အကျွန်ုပ် မည်သို့​ပြု​မိ​ပါ​သနည်း​။ မည်သည့် အမှား​ပြု​မိ​ပါ​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 အ​ရှင်​သည်​အ​ဘယ်​ကြောင့်​မိ​မိ​၏​အ​စေ​ခံ​ဖြစ် သူ​အ​ကျွန်ုပ်​အား လိုက်​လံ​ဖမ်း​ဆီး​လျက်​ပင်​ရှိ နေ​ပါ​သေး​သ​နည်း။ အ​ကျွန်ုပ်​သည်​အ​ဘယ် ရာ​ဇ​ဝတ်​မှု​ကို​ကူး​လွန်​မိ​ပါ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 26:18
12 ပူးပေါင်းရင်းမြစ်များ  

အ​စိုး​ရ​သော​သူ​တို့​သည် အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​စိတ်​နှ​လုံး​သည် စ​ကား​တော်​ကို ကြောက်​ရွံ့​ပါ၏။


အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​ဖို့ ကျော့​ကွင်း​ကို ဝှက်​ထား​ကြ​ပါ​ပြီ။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​အ​သက်​ကို သတ်​စ​ရာ​ဖို့​တွင်း​ကို တူး​ကြ​ပါ​ပြီ။


အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် အ​ကျွန်ုပ်၏​ဆံ​ပင်​ထက် များ​ကြ​ပါ၏။ မ​ဟုတ်​မ​မှန်​ဘဲ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု၍ ဖျက်​ဆီး​သော​သူ​တို့​သည် ခွန်​အား​ကြီး​ကြ​ပါ၏။ ထို​အ​ခါ အ​ကျွန်ုပ်​သည် မ​ယူ​သော​ဥ​စ္စာ​ကို​ပင် ပြန်​ပေး​ရ​ပါ၏။


တစ်​ဖန် ယေ​ရ​မိ​က၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ပြစ်​မှား​သ​လော။ ကိုယ်​တော်၏​ကျွန်​တို့​ကို ပြစ်​မှား​သ​လော။ ဤ​လူ​မျိုး​ကို ပြစ်​မှား​သ​လော။ အ​ဘယ်​မည်​သော​အ​ပြစ်​ကြောင့် အ​ကျွန်ုပ်​ကို လှောင်​ထား​ကြ​သ​နည်း။


ယေ​ရှု​က​လည်း၊ ငါ​သည် ငါ့​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ကောင်း​သော​အ​မှု​အ​များ​တို့​ကို သင်​တို့​အား​ပြ​ပြီ။ ထို​အ​မှု​တို့​တွင် အ​ဘယ်​မည်​သော​အ​မှု​ကြောင့် ငါ့​ကို ခဲ​နှင့် ပစ်​ကြ​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊-


ယေ​ရှု​က​လည်း၊ ငါ့​စ​ကား​မ​မှန်​လျှင် မ​မှန်​ကြောင်း​ကို​ပြ​ပါ။ မှန်​လျှင် ငါ့​ကို အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း​ဟု မိန့်​တော်​မူ၏။-


ငါ၌ အ​ပြစ်​ရှိ​ကြောင်း​ကို သင်​တို့​တွင် အ​ဘယ်​သူ​ဖော်​ပြ​သ​နည်း။ သ​စ္စာ​စ​ကား​ကို​ငါ​ပြော​သည်​မှန်​လျှင် အ​ဘယ်​ကြောင့်​သင်​တို့ မ​ယုံ​ကြ​သ​နည်း။-


ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း။ ယ​ခု​ပြော​စ​ရာ​အ​ကြောင်း မ​ရှိ​လော​ဟု ဆို​သော​နောက်၊


ဒါ​ဝိဒ်​သည် ရာ​မ​မြို့၊ နာ​ယုတ်​ရွာ​မှ​ပြေး၍ ယော​န​သန်​ထံ​သို့​ရောက်​ပြီး​လျှင်၊ ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း။ အ​ဘယ်​အ​ပြစ် ရှိ​သ​နည်း။ ခ​မည်း​တော်​သည် ကျွန်ုပ်​အ​သက်​ကို​ရှာ​မည်​အ​ကြောင်း၊ ကျွန်ုပ်​သည် အ​ဘယ်​ဒု​စ​ရိုက်​ကို ပြု​ဘိ​သ​နည်း​ဟု​မေး​သော်၊


ဒါ​ဝိဒ်​သည် ကိုယ်​တော်၏​အ​ကျိုး​ကို ဖျက်​ခြင်း​ငှာ ရှာ​ကြံ​သည်​ဟု လူ​အ​ချို့​ပြော​သော​စ​ကား​ကို အ​ဘယ်​ကြောင့် နား​ထောင်​တော်​မူ​သ​နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ