Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 26:11 - Judson Bible in Zawgyi Version

11 ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဘိ​သိက်​ခံ​သူ​ကို ငါ​မ​ထိ​ခိုက်​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ခေါင်း​ရင်း​တော်​နား​မှာ​ရှိ​သော လှံ​တော်​နှင့်​ရေ​ဘူး​ကို ယူ၍ သွား​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ကို ကိုယ်ထိလက်ရောက်​ပြု​မိ​သည့်​အပြစ်​မှ ထာဝရဘုရား​သည် ငါ​နှင့်​ဝေး​စေ​ပါစေသော​။ ယခု သူ့​ခေါင်းရင်း​ရှိ လှံ​နှင့် သူ့​ရေဘူး​ကို ယူ​ပြီး ငါ​တို့ သွား​ကြ​စို့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သည့်​ဘု​ရင်​ကို ဘေး​အန္တ​ရာယ်​မ​ပြုမိ​စေ​ရန် ငါ့​အား​ကိုယ်​တော် ဆီး​တား​တော်​မူ​ပါ​စေ​သော။ ငါ​တို့​သည်​မင်း ကြီး​၏​လှံ​တော်​နှင့်​ရေ​ဘူး​တော်​တို့​ကို​ယူ​၍ သွား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 26:11
11 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို သတ်​ခြင်း​ငှာ သင့်​လက်​ကို အ​ဘယ်​သို့​ဆန့်​ဝံ့​သ​နည်း​ဟု ဆို​လျက်၊


ဒါ​ဝိဒ်​က​လည်း၊ သင်၏​အ​သွေး​သည် သင့်​ခေါင်း​ပေါ်​မှာ တည်​စေ။ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို ကျွန်​တော်​သတ်​ပါ​ပြီ​ဟု သင့်​နှုတ်​သည် သင့်​ဘက်၌ သက်​သေ​ခံ​လေ​ပြီ​ဟု ဆို၏။


ဒါ​ဝိဒ်​က၊ အို​ဇေ​ရု​ယာ​သား​တို့၊ သင်​တို့​သည် ယ​နေ့ ငါ့​ရန်​သူ​လုပ်​မည်​အ​ကြောင်း ငါ​နှင့်​အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​သည် ယ​နေ့​အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​လော။ ငါ​သည် ယ​နေ့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဖြစ်​သည်​ကို ငါ​သိ​သည်​မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၍၊


လူ​ပြု​တတ်​သော အ​မှု​များ​မှာ၊ ဖျက်​ဆီး​တတ်​သော​သူ၏​လမ်း​တို့​ကို နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​ရှောင်​ပါ​ပြီ။


အ​ဘယ်​သူ​ကို​မျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ လူ​အ​ပေါင်း​တို့​ရှေ့​မှာ တင့်​တယ်​လျောက်​ပတ်​သော​အ​ကျင့်​ကို ကြံ​စည်​ကြ​လော့။-


ချစ်​သူ​တို့၊ သူ​တစ်​ပါး​သည် သင်​တို့​ကို ပြစ်​မှား​လျှင်၊ ကိုယ်​တိုင် အ​ပြစ်​ပြန်၍ မ​တုံ့​ကြ​နှင့်။ အ​မျက်​တော်​ကို အ​ခွင့်​ပေး​ကြ​လော့။ ကျမ်း​စာ​လာ​သည်​ကား၊ ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-


သင်​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​စေ​ခြင်း​အ​လို​ငှာ ခေါ်​တော်​မူ​သော​သူ ဖြစ်​သည်​ဟု သိ​မှတ်၍၊ အ​ချင်း​ချင်း ရန်​တုံ့​မ​မူ၊ ပြန်၍ မ​ကဲ့​ရဲ့၊ မေ​တ္တာ​ပို့​ခြင်း​ကို ပြု​ကြ​လော့။-


ဤ​အ​ရပ်၌ ယ​ခု ငါ​ရှိ၏။ အ​ဘယ်​သူ၏​နွား​ကို ငါ​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ၏ မြည်း​ကို​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို လှည့်​စား​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို ညှဉ်း​ဆဲ​ဖူး​ပြီ​နည်း။ ကိုယ်​မျက်​စိ​ကို ကွယ်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​လက်​မှ တံ​စိုး​ကို​ခံ​ဖူး​ပြီ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ ဘိ​သိက်​တော်​ကို ခံ​သော​သူ​ရှေ့​မှာ ငါ့​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လော့။ သူ့​ဥ​စ္စာ​ကို ငါ​ယူ​မိ​လျှင် ပြန်​ပေး​ပါ​မည်​ဟု ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​အား ပြော​ဆို​သော်၊


ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​တော်​နှင့် ကိုယ်​တော်​စပ်​ကြား​မှာ စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကျွန်​တော်​အား ပြစ်​မှား​သော​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​ဆပ်​ပေး​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ကျွန်​တော်​လက်​သည် ကိုယ်​တော်​အ​ပေါ်​သို့ မ​ရောက်​ပါ​စေ​နှင့်။


ဒါ​ဝိဒ်၏​လူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​ကို သင့်​လက်၌​ငါ​အပ်​မည်။ သူ၌ သင်​ပြု​ချင်​တိုင်း ပြု​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်​ဟု ကိုယ်​တော်​အား အ​မိန့်​ပေး​တော်​မူ​သော​နေ့​ရက် ရောက်​ပါ​ပြီ​ဟု ဆို​ကြ​လျှင်၊ ဒါ​ဝိဒ်​သည်​ထ၍ ရှော​လု​ဝတ်​လျက်​ရှိ​သော အင်္ကျီ​အောက်​ပိုင်း​ကို တိတ်​ဆိတ်​စွာ လှီး​ဖြတ်​လေ၏။


ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဘိ​သိက်​ကို​ခံ​ရ​သော ငါ့​အ​ရှင်​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သူ​ဖြစ်​သော​ကြောင့်၊ ထို​အ​ရှင်​ကို ထိ​ခိုက်​ခြင်း​ငှာ ငါ​လက်​ဆန့်​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော​ဟု မိ​မိ​လူ​တို့​အား​ဆို​သ​ဖြင့်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ