Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 25:18 - Judson Bible in Zawgyi Version

18 အ​ဘိ​ဂဲ​လ​သည် မုန့်​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည်​ဘူး​နှစ်​လုံး၊ ချက်​ပြီး​သော သိုး​ငါး​ကောင်၊ ပေါက်​ပေါက်​ငါး​ဧ​ဖာ၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ၊ သင်္ဘော​သ​ဖန်း​သီး ပျဉ်​အ​ပြား​နှစ်​ရာ​တို့​ကို အ​လျင်​အ​မြန်​ယူ၍ မြည်း​တို့​အ​ပေါ်၌​တင်​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထိုအခါ အဘိဂဲလ​သည် မုန့်​အလုံး​နှစ်ရာ​၊ စပျစ်ဝိုင်​နှစ်​ဘူး​၊ ခုတ်ထစ်​ပြီးသား​သိုး​ငါး​ကောင်​၊ မုန့်ဆန်း​ငါး​စေအာ​၊ စပျစ်သီးခြောက်​အခိုင်​တစ်ရာ​၊ သဖန်းပျဉ်​အချပ်​နှစ်ရာ တို့​ကို အလျင်အမြန်​ယူ​၍ မြည်း​များ​ပေါ်​တင်​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 အ​ဘိ​ဂဲ​လ​သည်​မုန့်​အ​လုံး​နှစ်​ရာ၊ စ​ပျစ်​ရည် အ​ပြည့်​ရှိ​သော​သား​ရေ​ဘူး​နှစ်​ဘူး၊ သိုး​ကင် ငါး​ကောင်၊ ပေါက်​ပေါက်​နှစ်​တင်း၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ​နှင့်​သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​နှစ်​ရာ​ကို အ​လျင်​အ​မြန်​စု​ဆောင်း ပြီး​လျှင်​မြည်း​များ​အ​ပေါ်​သို့​တင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 25:18
14 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည် တောင်​ထိပ်​ကို အ​နည်း​ငယ်​လွန်​သော​အ​ခါ၊ မေ​ဖိ​ဗော​ရှက်၏​ကျွန် ဇိ​ဘ​သည် ကုန်း​နှီး​တင်​သော မြည်း​နှစ်​စီး​နှင့်​တ​ကွ၊ မုန့်​လုံး​နှစ်​ရာ၊ စ​ပျစ်​သီး​ခြောက် အ​ပြွတ်​တစ်​ရာ၊ သင်္ဘော​သ​ဖန်း​သီး​ပျဉ် အ​ပြား​တစ်​ရာ စ​ပျစ်​ရည်​ဘူး​တစ်​လုံး​ကို မြည်း​ပေါ်​မှာ တင်​ဆောင်​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ လာ၏။


အ​နီး​အ​ပါး၌ နေ​သော​သူ​တို့​သည်​လည်း၊ သိုး​နွား​နှင့်​တ​ကွ အ​မဲ​သား၊ မုန့်​ညက်၊ သင်္ဘော​သ​ဖန်း​သီး၊ စ​ပျစ်​သီး၊ စ​ပျစ်​ရည်၊ ဆီ​တည်း​ဟူ​သော ရိ​က္ခာ​များ​ကို မြည်း၊ ကု​လား​အုတ်၊ လား၊ နွား​အ​ပေါ်​မှာ​တင်​လျက် ဣ​သ​ခါ​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်၊ နဿ​လိ​ခ​ရိုင်​မှ ပင့်​ဆောင်​ခဲ့၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပျော်​မွေ့​ကြ၏။


လူ၌​ပါ​သော လက်​ဆောင်​အား​ဖြင့်၊ လမ်း​ရှင်း​လင်း၍၊ လူ​ကြီး​ထံ​သို့ ဝင်​ရ​သော​အ​ခွင့် ရှိ​တတ်၏။


တိတ်​ဆိတ်​စွာ​ပေး​သော​လက်​ဆောင်​သည် သူ့​စိတ်​ကို​လည်း​ကောင်း၊ ရင်​ခွင်၌​ချ​ထား​သော လက်​ဆောင်​ပ​ဏ္ဏာ​သည် ပြင်း​စွာ​သော အ​မျက်​ကို​လည်း​ကောင်း ဖြေ​တတ်၏။


ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​အ​ကျိုး​ကို မ​ဖျက်၊ တစ်​သက်​လုံး​ပြု​စု​တတ်၏။


တ​ရား​တွေ့​ဖက်​နှင့်​အ​တူ လမ်း၌​သွား​စဉ်​တွင်​ပင်၊ သူ၏​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ အ​လျင်​အ​မြန်​ပြု​လော့။ သို့​မ​ဟုတ် တ​ရား​တွေ့​ဖက်​သည် တ​ရား​သူ​ကြီး၌ အပ်​မည်။ တ​ရား​သူ​ကြီး​သည်​လည်း လု​လင်​ခေါင်း၌​အပ်၍ ထောင်​ထဲ၌ လှောင်​ထား​မည်။-


ထို​အ​ခါ ယေ​ရှဲ​သည် မိ​မိ​သား​ဒါ​ဝိဒ်​ကို​ခေါ်၍၊ သင့်​အစ်​ကို​တို့​အ​ဖို့ ဤ​ပေါက်​ပေါက် တစ်​ဧ​ဖာ​နှင့် ဤ​မုန့်​ဆယ်​လုံး​တို့​ကို​ယူ၍ အစ်​ကို​တို့​ရှိ​ရာ​တပ်​တော်​သို့ ပြေး​သွား​လော့။


သို့​ဖြစ်၍ သ​ခင်​မ​သည် အ​ဘယ်​သို့​ပြု​သင့်​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ပါ​တော့။ အ​ကျွန်ုပ်​တို့​သ​ခင်​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့၌ ဘေး​ပြု​မည်​ဟု စီ​ရင်​ပါ​ပြီ။ သ​ခင်​သည် အ​ဓ​မ္မ​လူ​ဖြစ်​သော​ကြောင့်၊ အ​ဘယ်​သူ​မှ၊ မ​ပြော​မ​လျှောက်​ဝံ့​ပါ​ဟု ဆို​လေ​သော်၊


အ​ကယ်​စင်​စစ် သင့်​ကို ငါ​မ​ညှဉ်း​ဆဲ​ရ​မည်​အ​ကြောင်း၊ ဆီး​တား​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည်​ငါ​နှင့် တွေ့​ခြင်း​ငှာ အ​လျင်​အ​မြန်​မ​လာ​လျှင်၊ အ​ကယ်​စင်​စစ် နက်​ဖြန်​မိုး​လင်း​သော​အ​ခါ၊ နာ​ဗ​လ၏ လူ​ယောက်ျား တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​ချန်၍​မ​ထား​ဟု အ​ဘိ​ဂဲ​လ​အား ပြော​ဆို​လျက်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ