Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 23:5 - Judson Bible in Zawgyi Version

5 ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် ကိ​လ​မြို့​သို့​သွား၍ ဖိ​လိ​တ္တိ​လူ​တို့​နှင့်​တိုက်​သ​ဖြင့်၊ ထို​သူ​တို့၏ တိ​ရ​စ္ဆာန်​များ​ကို​ယူ၍ သူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သတ်​ကြ၏။ ထို​သို့​ဒါ​ဝိဒ်​သည် ကိ​လ​မြို့​ကို ကယ်​တင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 ထို့ကြောင့် ဒါဝိဒ်​သည် သူ့​နောက်လိုက်​တို့​နှင့်အတူ​ကိလ​မြို့​သို့ ချီသွား​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ပြီး သူ​တို့​၏​တိရစ္ဆာန်​များ​ကို သိမ်းယူ​၏​။ သူ​တို့​ကို အကြီးအကျယ်​လုပ်ကြံ​သတ်ဖြတ်​၏​။ ဤသို့ဖြင့် ဒါဝိဒ်​သည် ကိလ​မြို့သား​တို့​ကို ကယ်တင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​သူ​၏​အ​ပေါင်း​ပါ​တို့​သည် ကိ​လ​မြို့​သို့​သွား​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ကြ​၏။ သူ​တို့​သည်​လူ​အ​မြောက်​အ​မြား ကို​သတ်​ဖြတ်​၍​သိုး​နွား​များ​ကို​သိမ်း​ယူ​ကြ​၏။ ဤ​သို့​လျှင်​ဒါ​ဝိဒ်​သည်​ကိ​လ​မြို့​ကို​ကယ်​တင် လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 23:5
6 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ စစ်​တိုက်​စေ​ခြင်း​ငှာ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ခွန်​အား​ခါး​ပန်း​နှင့်​စည်း၍၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​ကို အ​ကျွန်ုပ်​အောက်​မှာ လှဲ​တော်​မူ၏။


သူ​တို့​သည် အ​ကျွန်ုပ်​ခြေ​အောက်​မှာ​လဲ​လျက်​ရှိ၍ မ​ထ​နိုင်​အောင် အ​ကျွန်ုပ်​သည်​နှိပ်​နင်း​ပါ၏။


အ​ကျွန်ုပ်​သည် ကျေး​ဇူး​တ​ရား​ကို ကြိုး​စား၍ ကျင့်​သော​ကြောင့် ကျေး​ဇူး​အ​တွက် အ​ပြစ်​ပြု​တတ်​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​ကြ​ပါ၏။


တစ်​ဖန် စစ်​မှု​ပေါ်​ပြန်​သော​အ​ခါ၊ ဒါ​ဝိဒ်​ထွက်၍ ဖိ​လိ​တ္တိ​လူ​တို့​ကို​တိုက်​လျက်၊ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သတ်၍ သူ​တို့​သည်​ပြေး​ကြ၏။


တစ်​ဖန် ဒါ​ဝိဒ်​သည် ထပ်၍ ထာ​ဝ​ရ​ဘု​ရား​အား​မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ထ၍ ကိ​လ​မြို့​သို့ သွား​လော့။ ဖိ​လိ​တ္တိ​လူ​တို့​ကို သင့်​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊


အ​ဟိ​မ​လက်၏​သား​အ​ဗျာ​သာ​သည်၊ ဒါ​ဝိဒ်​ရှိ​ရာ​ကိ​လ​မြို့​သို့ ပြေး​လာ​သော​အ​ခါ သင်​တိုင်း​တော်​ပါ​လျက် ရောက်​လာ​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ