Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 23:16 - Judson Bible in Zawgyi Version

16 ရှော​လု၏​သား​ယော​န​သန်​သည် ထ၍ ဒါ​ဝိဒ်​ရှိ​ရာ​တော​အုပ်​သို့ သွား​ပြီး​လျှင်၊ ဘု​ရား​သ​ခင်၌ ခို​လှုံ​အား​ကြီး​စေ​ခြင်း​ငှာ ထောက်​မ​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထိုအခါ ရှောလု​မင်းကြီး​၏​သား​ယောနသန်​သည် ဒါဝိဒ်​ရှိ​ရာ ဟောရေရှ​အရပ်​သို့ ထ​သွား​၍ ဒါဝိဒ်​အား ဘုရားသခင်​၌ ခွန်အား​ပေး​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ယော​န​သန်​သည်​ဒါ​ဝိဒ်​ထံ​သို့​လာ​၍ ဘု​ရား​သ​ခင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​စိတ်​ချ ယုံ​ကြည်​ရန်​အား​ပေး​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 23:16
16 ပူးပေါင်းရင်းမြစ်များ  

ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​မိန့်​တော်​မူ​သော စ​ကား​ကို​လည်း​ကောင်း ကြား​ပြော​လေ​သော်၊ သူ​တို့​က၊ ငါ​တို့​သည် ထ၍​တည်​ကြ​ကုန်​အံ့​ဟု ဆို​လျက်၊ ထို​ကောင်း​မှု​ကို ပြီး​စေ​ခြင်း​ငှာ၊ တစ်​ယောက်​ကို​တစ်​ယောက် နှိုး​ဆော်​ကြ၏။


ထို​သို့​ငါ​သည်​မ​ပြု​ဘဲ၊ သင်​တို့​ကို ငါ့​စ​ကား​နှင့် မ​စ​မည်။ အ​ချည်း​နှီး​သော​စ​ကား​ကို ငါ​ချုပ်​တည်း​မည်။


သံ​ကို သံ​ဖြင့်​ထက်​စေ​သ​ကဲ့​သို့၊ လူ​သည် အ​ဆွေ​ခင်​ပွန်း၏​မျက်​နှာ​ကို ထက်​စေ​တတ်၏။


နံ့​သာ​ဆီ​နှင့် နံ့​သာ​ရည်​သည် ရွှင်​လန်း​စေ​သ​ကဲ့​သို့၊ ကြည်​ညို​သော​စိတ်​နှင့် အ​ကြံ​ပေး​တတ်​သော အ​ဆွေ​ခင်​ပွန်း၏ ချစ်​ဖွယ်​သော​လ​က္ခ​ဏာ​သည် ရွှင်​လန်း​စေ​တတ်၏။


ငါ​မ​ညှိုး​ငယ်​စေ​သော လူ​ကောင်း​တို့​ကို သင်​တို့​သည် မု​သား​စ​ကား​အား​ဖြင့် ညှိုး​ငယ်​စေ​သော​ကြောင့်​လည်း​ကောင်း၊ လူ​ဆိုး​တို့​သည် ဆိုး​သော​လမ်း​ကို မ​ရှောင်​စေ​ခြင်း​ငှာ အ​သက်​ချမ်း​သာ​ပေး၍၊ သူ​တို့​ကို ခိုင်​မာ​စေ​သော​ကြောင့်​လည်း​ကောင်း၊


သင်၏​ယုံ​ကြည်​သော​စိတ် မ​ပျက်​စေ​ခြင်း​ငှာ ငါ​သည် သင့်​အ​ဖို့​ဆု​တောင်း​လေ​ပြီ။ သင်​သည် သ​တိ​ရ​ပြန်​သော​အ​ခါ သင်၏​ညီ​အစ်​ကို​တို့​ကို တည်​ကြည်​စေ​လော့​ဟု မိန့်​တော်​မူ​လျှင်၊-


ထို​အ​ခါ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား​လာ၍ ကိုယ်​တော်​ကို အား​ပေး​ရ၏။-


ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။-


သို့​ရာ​တွင် ယော​ရှု​ကို​မှာ​ခဲ့၍ အား​ပေး​လော့။ မ​စ​ထောက်​ပင့်​လော့။ သူ​သည် ဤ​လူ​မျိုး​ရှေ့​မှာ​သွား၍၊ သင်​မြင်​ရ​သော​ပြည်​ကို အ​မွေ​ခံ​စေ​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။


ငါ့​သား၊ သင်​သည် ယေ​ရှု​ခ​ရစ်၌​ရှိ​သော ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​ခြင်း​ရှိ​လော့။-


တစ်​ရံ​ရော​အ​ခါ ဒါ​ဝိဒ်​သည် ဇိ​ဖ​တော​အုပ်၌​ရှိ၍၊ သူ၏​အ​သက်​ကို သတ်​မည်​ဟု ရှော​လု​လာ​သည်​ကို သိ​သော​အ​ခါ၊


ဒါ​ဝိဒ်​သည် အ​လွန်​စိတ်​ငြို​ငြင်​ဆင်း​ရဲ၏။ လူ​များ​တို့​သည် မိ​မိ​တို့ သား​သ​မီး​များ​ကြောင့် စိတ်​ညှိုး​ငယ်​သ​ဖြင့်၊ ဒါ​ဝိဒ်​ကို ကျောက်​ခဲ​နှင့် ပစ်​မည်​ဟု ဆို​ကြ၏။ ဒါ​ဝိဒ်​မူ​ကား မိ​မိ​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​လျက်​နေ၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ