၁ ဓမ္မရာဇဝင် 22:17 - Judson Bible in Zawgyi Version17 ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာနေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံဘဲနေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်17 သူ့အနား၌ရပ်နေသောခြေမြန်တော်တို့အား “လှည့်၍ ထာဝရဘုရား၏ယဇ်ပုရောဟိတ်တို့ကို သတ်ကြလော့။ သူတို့သည် ဒါဝိဒ်ဘက်သားဖြစ်၏။ ဒါဝိဒ် ထွက်ပြေးတိမ်းရှောင်သည်ကို သိလျက်ပင် ငါ့အား အကြောင်းမကြားကြ”ဟု မိန့်ဆို၏။ သို့သော် ရှင်ဘုရင်၏အမှုထမ်းတို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်တို့ကို ကွပ်မျက်ရန် လက်ကို မရွယ်လိုကြပေ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 မိမိအနီးတွင်ရပ်လျက်နေသောအစောင့် တပ်သားများအား``ထာဝရဘုရား၏ယဇ် ပုရောဟိတ်တို့သည်ဒါဝိဒ်နှင့်အတူကြံရာ ပါများဖြစ်သဖြင့် ဒါဝိဒ်ထွက်ပြေးကြောင်း ကိုသိသော်လည်း ငါ့အားမပြောသောကြောင့် သတ်ကြလော့'' ဟုအမိန့်ပေးတော်မူ၏။ သို့ ရာတွင်အစောင့်တပ်သားတစ်စုံတစ်ယောက် ကမျှ ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့ကိုသတ်ရန်လက်ကိုမျှမဆန့်ဝံ့ကြ ချေ။ အခန်းကိုကြည့်ပါ။ |
လူများတို့က၊ ဣသရေလအမျိုး၌ ဤကယ်တင်ခြင်းကျေးဇူးကို ပြုပြီးသော ယောနသန်သည် သေရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သူ၏ဆံခြည်တစ်ပင်မျှ မြေပေါ်မှာမကျရ။ သူသည် ဘုရားသခင်နှင့်အတူ ယနေ့ ဝိုင်း၍ပြုပါပြီဟုဆိုသဖြင့်၊ အသက်ချမ်းသာစေခြင်းငှာ ယောနသန်ကို ကယ်နုတ်ကြ၏။