၁ ဓမ္မရာဇဝင် 21:4 - Judson Bible in Zawgyi Version4 ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ။ လုလင်တို့သည် မိန်းမကိုသာရှောင်လျှင်၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 ယဇ်ပုရောဟိတ်ကလည်း ဒါဝိဒ်အား “ငါ၌ ရိုးရိုးမုန့်မရှိ။ သန့်ရှင်းသောမုန့်သာ ရှိသည်ဖြစ်၍ သင့်ငယ်သားတို့သည် မိန်းမကိုရှောင်လျှင် စားနိုင်သည်”ဟု ပြောပြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ယဇ်ပုရောဟိတ်က``ငါ၏ထံတွင်မုန့်ရိုးရိုး မရှိ။ ရှေ့တော်မုန့်သာလျှင်ရှိ၏။ သင့်ငယ် သားတို့သည်မကြာသေးမီအခါက ကာမရာဂစပ်ယှက်မှုမပြုခဲ့ကြပါမူ သင်သည်ထိုမုန့်ကိုယူနိုင်ခွင့်ရှိပါ၏'' ဟုဆို၏။ အခန်းကိုကြည့်ပါ။ |
နှစ်ပေါင်းများစွာပြုသကဲ့သို့ ပဉ္စမလတွင် ငိုကြွေး၍ ခြိုးခြံစွာကျင့်ရပါမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အိမ်တော်၌ရှိသော ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား မေးလျှောက်ခြင်းငှာလည်းကောင်း၊ ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူတို့လူများကို ဘုရားသခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊
အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကို ပြုရသောအခွင့် ရှိစေခြင်းငှာ၊ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကို မချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသောအခွင့် မရှိစေခြင်းငှာ၊ နောက်တစ်ဖန် အတူနေကြလော့။-