Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 20:42 - Judson Bible in Zawgyi Version

42 ယော​န​သန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​ကျွန်ုပ်​စပ်​ကြား၊ သင့်​အ​မျိုး​အ​နွယ်​နှင့် ကျွန်ုပ်​အ​မျိုး​အ​နွယ် စပ်​ကြား​မှာ အ​စဉ်​အ​မြဲ​ရှိ​တော်​မူ​စေ​သ​တည်း​ဟူ၍ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို တိုင်​တည်​သ​ဖြင့်၊ ငါ​တို့​နှစ်​ယောက်​သည် ကျိန်​ဆို​ကြ​သည်​ကို​ထောက်၍၊ ငြိမ်​ဝပ်​စွာ သွား​တော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊ ဒါ​ဝိဒ်​သည် ထ​သွား၍ ယော​န​သန်​လည်း မြို့​ထဲ​သို့ ဝင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

42 ထို့နောက် ယောနသန်​က ဒါဝိဒ်​အား “​အေးအေးဆေးဆေး​သွား​ပါ​တော့​။ ‘ထာဝရဘုရား​သည် ငါ​နှင့်​သင့်​ကြား​၊ ငါ့​သားစဉ်မြေးဆက်​နှင့် သင့်​သားစဉ်မြေးဆက်​တို့​ကြားတွင် သက်သေ​အစဉ်​ဖြစ်​ပါစေ’​ဟူ၍ ထို​ထာဝရဘုရား​၏​နာမ​တော်​၌ ငါ​တို့​နှစ်​ယောက် ကျိန်ဆို​ထား​ပြီ​”​ဟု ဆို​၏​။ ထို့နောက် ဒါဝိဒ်​ထွက်သွား​၍ ယောနသန်​လည်း မြို့​ထဲသို့ ပြန်သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

42 ထို​အ​ခါ​ယော​န​သန်​က``ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သော။ ငါ​တို့ နှစ်​ယောက်​သည်​လည်း​ကောင်း၊ ငါ​တို့​သား​မြေး များ​သည်​လည်း​ကောင်း​ငါ​တို့​တစ်​ယောက်​ကို တစ်​ယောက်​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ကို ထာ​ဝ​စဉ် မ​ပျက်​မ​ကွက်​စောင့်​ထိန်း​နိုင်​ကြ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​မု​ချ​ကူ​မ​တော်​မူ​ပါ လိမ့်​မည်'' ဟု​ဆို​၏။ ထို​နောက်​ဒါ​ဝိဒ်​ထွက်​ခွာ သွား​၏။ ယော​န​သန်​သည်​လည်း​မြို့​ထဲ​သို့ ပြန်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 20:42
10 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ဒါ​ဝိဒ်​က၊ ငါ​သည် ယော​န​သန်​အ​တွက် ကျေး​ဇူး​ပြု​စ​ရာ​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက် ကျန်​ကြွင်း​သေး​သ​လော​ဟု မေး​သော်၊


ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​မျှော်​ကြည့်၍ ချမ်း​သာ​ပေး​တော်​မူ​ပါ​စေ​သော​ဟု


ယေ​ရှု​သည် ထို​မိန်း​မ​အား သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​ကို​ကယ်​တင်​ပြီ။ ငြိမ်​ဝပ်​စွာ​သွား​လော​ဟု မိန့်​တော်​မူ၏။


ထို​စ​ကား​ကို​ထောင်​မှူး​သည် ပေါ​လု​အား ကြား​ပြော၍၊ ကိုယ်​တော်​တို့​ကို လွှတ်​စေ​ခြင်း​ငှာ စစ်​ကဲ​တို့​သည် စေ​လွှတ်​ကြ​ပါ​ပြီ။ ထို​ကြောင့်​ယ​ခု​ထွက်၍ ငြိမ်​ဝပ်​စွာ ကြွ​သွား​တော်​မူ​ကြ​ပါ​ဟု လျှောက်​လျှင်၊-


ယ​ခု ဆု​တောင်း​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ပေး​သ​နား​တော် မူ​ပါ​စေ​သော​ဟု မြွက်​ဆို၏။


ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ရန်​သူ​အ​ပေါင်း​တို့​ကို မြေ​ကြီး​ပေါ်​က ပယ်​ရှင်း​တော်​မူ​သော နောက်​မှာ​လည်း၊ ကျွန်ုပ်​အ​မျိုး​အ​နွယ်၌ အ​စဉ်​အ​မြဲ ကျေး​ဇူး​ပြု​ရ​မည်​ဟု ဒါ​ဝိဒ်​အား​ဆို​သ​ဖြင့်​လည်း​ကောင်း၊


သ​စ္စာ​ပျက်​လျှင် ဒါ​ဝိဒ်၏​ရန်​သူ​တို့​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ပေး​တော်​မူ​စေ​သ​တည်း​ဟု ဒါ​ဝိဒ်၏ အ​မျိုး​အ​နွယ်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​သ​ဖြင့်​လည်း​ကောင်း၊


ထို​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပ​ဋိ​ညာဉ်​ဖွဲ့​ကြ​ပြီး​မှ၊ ဒါ​ဝိဒ်​သည် တော​အုပ်၌​နေ၍ ယော​န​သန်​သည် မိ​မိ​အိမ်​သို့​သွား၏။


သူ​ဆောင်​ခဲ့​သော လက်​ဆောင်​ကို သူ၏​လက်​မှ​ခံ​ယူ၍၊ သင်​သည် နေ​ရာ​အိမ်​သို့ ငြိမ်​ဝပ်​စွာ​သွား​လော့။ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ သင်၏​မျက်​နှာ​ကို​လည်း ထောက်၍ နေ​မည်​ဟု​ဆို​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ