၁ ဓမ္မရာဇဝင် 20:31 - Judson Bible in Zawgyi Version31 ယေရှဲ၏သားသည် မြေကြီးပေါ်မှာ အသက်ရှင်သည်ကာလပတ်လုံး သင်နှင့်သင်၏နိုင်ငံ မတည်ရ။ ယခုစေလွှတ်၍ သူကိုခေါ်ခဲ့။ သူသည် အသေခံရမည်ဟုဆိုလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်31 ယေရှဲ၏သားသည် မြေကြီးပေါ်တွင် အသက်ရှင်သမျှကာလပတ်လုံး သင်နှင့် သင့်နိုင်ငံ တည်မြဲမည်မဟုတ်။ ယခုချက်ချင်း သူ့ကို လူလွှတ်ခေါ်စေ။ သူသည် သေသင့်သောသူဖြစ်၏”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version31 ဒါဝိဒ်အသက်ရှင်နေသမျှကာလပတ်လုံး သင်သည်ဤတိုင်းပြည်တွင်အဘယ်အခါ၌ မျှဘုရင်မဖြစ်နိုင်သည်ကိုမသိပါသလော။ ယခုပင်သွား၍သူ့ကိုခေါ်ခဲ့လော့။ သူသည် မုချသေဒဏ်ခံရမည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်အဆွေအမျိုးအပေါင်းတို့သည် အရှင်မင်းကြီးရှေ့တော်မှာ လူသေဖြစ်ကြသော်လည်း၊ စားပွဲတော်၌ စားသောသူတို့နှင့်အတူ ကိုယ်တော်ကျွန်ကို နေရာပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင်ထံတော်၌ ကျွန်တော်မြည်တမ်းရသော အခွင့်သည် အဘယ်သို့ ရှိပါသနည်းဟု ပြန်လျှောက်သော်၊
သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာထားသော ရှင်ဘုရင်၏လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို၏။