၁ ဓမ္မရာဇဝင် 20:30 - Judson Bible in Zawgyi Version30 ထိုအခါ ရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊ မျောက်မထားသော မိန်းမ၏သား၊ သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်လည်းကောင်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည်တိုင်အောင်လည်းကောင်း၊ ယေရှဲ၏သားဘက်၌ နေသည်ကို ငါမသိသလော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်30 ထိုအခါ ရှောလုမင်းကြီးသည် ယောနသန်အား အမျက်ပြင်းစွာထွက်လျက် “ပုန်ကန်ဖောက်ပြားသောမိန်းမ၏သား၊ သင်အရှက်ရအောင်၊ သင့်မိခင် အဝတ်အချည်းစည်းဖြစ်ပြီး အရှက်ကွဲအောင် သင်သည် ယေရှဲ၏သားဘက်၌ ရပ်တည်နေသည်ကို ငါမသိဘဲနေမည်လော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version30 ရှောလုသည်ယောနသန်အားပြင်းစွာအမျက် ထွက်သဖြင့်``တရားမဝင်သောသား၊ သင်သည် ဒါဝိဒ်ဘက်သားဖြစ်ကြောင်းယခုငါသိပြီ။ သင်သည်ကိုယ့်ကိုယ်ကိုလည်းကောင်း၊ ကိုယ့် မိခင်ကိုလည်းကောင်းအသရေယုတ်စေ လေပြီတကား။- အခန်းကိုကြည့်ပါ။ |
အကျွန်ုပ် သွားရသောအခွင့်ကိုပေးပါလော့။ အကျွန်ုပ် အဆွေအမျိုးတို့သည် ထိုမြို့၌ ယဇ်ပွဲကိုဆောင်ကြပါ၏။ အကျွန်ုပ်အစ်ကိုလည်း မှာလိုက်ပါပြီ။ စိတ်တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား၍ အစ်ကိုတို့ကို မြင်ရမည်အကြောင်း အခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထိုကြောင့် စားပွဲတော်သို့ မလာပါဟု ရှောလုအား လျှောက်လေ၏။