Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 20:15 - Judson Bible in Zawgyi Version

15 ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ရန်​သူ​အ​ပေါင်း​တို့​ကို မြေ​ကြီး​ပေါ်​က ပယ်​ရှင်း​တော်​မူ​သော နောက်​မှာ​လည်း၊ ကျွန်ုပ်​အ​မျိုး​အ​နွယ်၌ အ​စဉ်​အ​မြဲ ကျေး​ဇူး​ပြု​ရ​မည်​ဟု ဒါ​ဝိဒ်​အား​ဆို​သ​ဖြင့်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ထာဝရဘုရား​သည် ဒါဝိဒ်​၏​ရန်သူ​အပေါင်း​တို့​ကို မြေ​မျက်နှာပြင်​မှ သုတ်သင်ပယ်ရှင်း​တော်မူ​သည့်​အခါ ငါ​၏​အိမ်သူအိမ်သား​တို့​အား သင်​၏​မေတ္တာကရုဏာ​ကို မ​ဖြတ်​ဘဲ ဆက်​၍​ပြသ​ပေး​ပါ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 သင်​၏​ရန်​သူ​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သော​အ​ခါ​၌ လည်း ကျွန်ုပ်​၏​အိမ်​ထောင်​စု​သား​တို့​အ​ပေါ် တွင်​အ​စဉ်​အ​မြဲ​သစ္စာ​စောင့်​ပါ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 20:15
7 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ချမ်း​သာ​ရ​သော​အ​ခါ ကျွန်ုပ်​ကို​အောက်​မေ့၍ ကျေး​ဇူး​ပြု​ပါ​လော့။ ဖာ​ရော​ဘု​ရင်​ကို​လျှောက်၍ ကျွန်ုပ်​ကို​ဤ​အိမ်​မှ​နုတ်​ယူ​ပါ။


သို့​သော်​လည်း ဒါ​ဝိဒ်​နှင့်​ရှော​လု၏​သား​ယော​န​သန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ယောက်​နှင့်​တစ်​ယောက် သ​စ္စာ​က​တိ​ထား​သော​ကြောင့်၊ ရှင်​ဘု​ရင်​သည် ရှော​လု၏​သား​ယော​န​သန်​မြင်​သော မေ​ဖိ​ဗော​ရှက်​ကို နှ​မြော​တော်​မူ၏။


သင်​သည် ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ၌​သာ အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား အ​လို​တော်​အ​တိုင်း ကျေး​ဇူး​ပြု​ရ​မည်​မ​က၊


ယ​ခု ငါ​တို့​နှစ်​ယောက် ပြော​သော​အ​မှု​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် ကျွန်ုပ်​စပ်​ကြား​မှာ အ​စဉ်​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဒါ​ဝိဒ်​အား ပြော​ဆို​လေ၏။


ယော​န​သန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​ကျွန်ုပ်​စပ်​ကြား၊ သင့်​အ​မျိုး​အ​နွယ်​နှင့် ကျွန်ုပ်​အ​မျိုး​အ​နွယ် စပ်​ကြား​မှာ အ​စဉ်​အ​မြဲ​ရှိ​တော်​မူ​စေ​သ​တည်း​ဟူ၍ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို တိုင်​တည်​သ​ဖြင့်၊ ငါ​တို့​နှစ်​ယောက်​သည် ကျိန်​ဆို​ကြ​သည်​ကို​ထောက်၍၊ ငြိမ်​ဝပ်​စွာ သွား​တော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊ ဒါ​ဝိဒ်​သည် ထ​သွား၍ ယော​န​သန်​လည်း မြို့​ထဲ​သို့ ဝင်​လေ၏။


သို့​ဖြစ်၍ သင်​သည် ငါ၏​သား​စဉ်​မြေး​ဆက်​တို့​ကို မ​သုတ်​သင်၊ ငါ့​အ​ဆွေ​အ​မျိုး​ထဲ​က ငါ၏​နာ​မ​ကို မ​ပယ်​ရှင်း​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ငါ့​အား​ကျိန်​ဆို​ခြင်း​ကို ပြု​လော့​ဟု ဒါ​ဝိဒ်​အား​ဆို​ပြီး​မှ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ