Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 20:14 - Judson Bible in Zawgyi Version

14 သင်​သည် ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ၌​သာ အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား အ​လို​တော်​အ​တိုင်း ကျေး​ဇူး​ပြု​ရ​မည်​မ​က၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ငါ​မ​သေ​ရ​မည့်​အကြောင်း ငါ​အသက်ရှင်​လျက်​နေစဉ်​တွင် ငါ့​အား ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကို မ​ပြ​ဘဲ​မ​နေ​ပါ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 သင်​သည်​ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ​၌​မိ​မိ ကျိန်​ဆို​က​တိ​ပြု​ခဲ့​သည်​အ​တိုင်း ကျွန်ုပ်​အား သစ္စာ​စောင့်​ရ​မည်​သာ​မ​က၊ ကျွန်ုပ်​သေ​ဆုံး​ပြီး နောက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 20:14
8 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ချမ်း​သာ​ရ​သော​အ​ခါ ကျွန်ုပ်​ကို​အောက်​မေ့၍ ကျေး​ဇူး​ပြု​ပါ​လော့။ ဖာ​ရော​ဘု​ရင်​ကို​လျှောက်၍ ကျွန်ုပ်​ကို​ဤ​အိမ်​မှ​နုတ်​ယူ​ပါ။


တစ်​ဖန် ဒါ​ဝိဒ်​က၊ ငါ​သည် ယော​န​သန်​အ​တွက် ကျေး​ဇူး​ပြု​စ​ရာ​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက် ကျန်​ကြွင်း​သေး​သ​လော​ဟု မေး​သော်၊


ရှင်​ဘု​ရင်​က​လည်း၊ ဘု​ရား​သ​ခင့်​အ​လို​တော်​အ​တိုင်း ငါ​ကျေး​ဇူး​ပြု​စ​ရာ အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​လျှင် ဇိ​ဘ​က၊ ယော​န​သန်၌ ခြေ​ဆွံ့​သော​သား​တစ်​ယောက် ရှိ​ပါ​သေး၏​ဟု လျှောက်​သော်၊


သို့​မ​ဟုတ် ကျွန်ုပ်​အ​ဘ​သည် ဘေး​ပြု​ခြင်း​ငှာ အ​လို​ရှိ၍ သင်​သည် ငြိမ်​ဝပ်​စွာ​သွား​ရ​မည်​အ​ကြောင်း၊ ကျွန်ုပ် သ​တိ​မ​ပေး မ​လွှတ်​လိုက်​ဘဲ နေ​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​မျှ​မ​က ယော​န​သန်​ကို ပြု​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်​အ​ဘ​နှင့် အ​တူ​ရှိ​ခဲ့​ပြီး​သ​ကဲ့​သို့ သင်​နှင့်​အ​တူ ရှိ​ပါ​စေ​သော။


ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ရန်​သူ​အ​ပေါင်း​တို့​ကို မြေ​ကြီး​ပေါ်​က ပယ်​ရှင်း​တော်​မူ​သော နောက်​မှာ​လည်း၊ ကျွန်ုပ်​အ​မျိုး​အ​နွယ်၌ အ​စဉ်​အ​မြဲ ကျေး​ဇူး​ပြု​ရ​မည်​ဟု ဒါ​ဝိဒ်​အား​ဆို​သ​ဖြင့်​လည်း​ကောင်း၊


ယ​ခု ငါ​တို့​နှစ်​ယောက် ပြော​သော​အ​မှု​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် ကျွန်ုပ်​စပ်​ကြား​မှာ အ​စဉ်​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဒါ​ဝိဒ်​အား ပြော​ဆို​လေ၏။


သို့​ဖြစ်၍ သင်​သည် ငါ၏​သား​စဉ်​မြေး​ဆက်​တို့​ကို မ​သုတ်​သင်၊ ငါ့​အ​ဆွေ​အ​မျိုး​ထဲ​က ငါ၏​နာ​မ​ကို မ​ပယ်​ရှင်း​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ငါ့​အား​ကျိန်​ဆို​ခြင်း​ကို ပြု​လော့​ဟု ဒါ​ဝိဒ်​အား​ဆို​ပြီး​မှ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ