၁ ဓမ္မရာဇဝင် 2:36 - Judson Bible in Zawgyi Version36 သင်၏အမျိုး၌ ကျန်ကြွင်းသောသူတိုင်း သူ့ထံသို့လာ၍၊ ကျွန်တော်သည် မုန့်အနည်းငယ်ကို စားရမည်အကြောင်း၊ ယဇ်ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစ်စုံတစ်ခု၌ ကျွန်တော်ကို စေခိုင်းပါလော့ဟု ငွေစ၊ မုန့်စကိုရလိုသောငှာ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်36 သင့်အမျိုးအနွယ်ထဲမှ ကြွင်းကျန်သောသူအားလုံးတို့သည် သူ့ထံသို့လာ၍ စားစရာအနည်းငယ်ရဖို့ ယဇ်ပုရောဟိတ်ဆိုင်ရာအလုပ်တစ်ခုခု လုပ်ခွင့်ပြုပါဟု ဆိုပြီး ငွေတစ်စရဖို့၊ မုန့်တစ်လုံးစာရဖို့ ဦးညွှတ်ခယတောင်းဆိုရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောဆိုလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version36 အသက်မသေဘဲကျန်ရစ်သည့်သင်၏သားမြေး မှန်သမျှသည် ထိုယဇ်ပုရောဟိတ်ထံသို့သွား ရောက်၍ ကြေးငွေနှင့်အစားအစာတို့ကိုအသ နားခံရကြလိမ့်မည်။ သူတို့သည်အစားအစာ ရရှိရေးအတွက် ယဇ်ပုရောဟိတ်များအမှု ဆောင်ရာ၌ပါဝင်ကူညီခွင့်ရရှိရန်တောင်း ပန်အသနားခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်းစွတကားဟု ဆိုလျက်၊ ကဲ့ရဲ့သံကိုပြုတတ်ကြသည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာသောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော်သကာကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရမည်လောဟု ထာဝရဘုရား မေးတော်မူ၏။