Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 2:14 - Judson Bible in Zawgyi Version

14 အိုး​အ​စ​ရှိ​သည်​တို့၌ ထိုး​ခပ်၍၊ အ​မဲ​ချိတ်​တွင် ပါ​သ​မျှ​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​တတ်၏။ ရှိ​လော​မြို့​သို့ ရောက်​လာ​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​အား ထို​သို့​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ဒယ်​၊ ကရား​၊ ခွက်​၊ အိုး အစရှိ​သည်​တို့​ထဲသို့ ထိုးဆယ်​၍ ခက်ရင်း​၌​ပါလာ​သမျှ​သော​အသား​တို့​ကို ယဇ်ပုရောဟိတ်​အတွက် ယူသွား​လေ့​ရှိ​၏​။ သူ​တို့​သည် ရှိလော​မြို့​သို့​လာရောက်​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ထိုသို့ ပြုမူ​လေ့​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ခက်​ရင်း​ဖြင့်​ထိုး​ကာ​ပါ​လာ​သ​မျှ​ကို မိ​မိ​၏ ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ယူ​သွား​တတ်​လေ​သည်။ ယဇ်​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့​ရောက်​ရှိ​လာ​ကြ သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ပင် လျှင်​ဤ​နည်း​အ​တိုင်း​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 2:14
9 ပူးပေါင်းရင်းမြစ်များ  

စား​ချင်​အား​ကြီး၍ ဝမ်း​မ​ပြည့်​နိုင်​သော ခွေး​လည်း ဖြစ်​ကြ၏။ သိုး​ထိန်း​တို့​သည်​လည်း မ​ကြည့်​မ​ရှု​တတ်​ကြ။ ထို​သိုး​ထိန်း​ရှိ​သ​မျှ​တို့​သည် လမ်း​လွှဲ၍ မိ​မိ​တို့​လမ်း​သို့ လိုက်​ကြ​ပြီ။ တစ်​ယောက်​မျှ​မ​ကြွင်း၊ တ​ညီ​တ​ညွတ်​တည်း ကိုယ်​အ​ကျိုး​စီး​ပွား​ကို​သာ ရှာ​ကြ၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​သော မိတ်​သ​ဟာ​ယ​ယဇ်​များ​ထဲ​က ချီ​လွှဲ​သော​ရင်​ပတ်၊ ချီ​မြှောက်​သော​ပ​ခုံး​ကို ငါ​နုတ်​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ၏​သား​တို့​အား ထာ​ဝ​ရ​ပ​ညတ်​တော်​အား​ဖြင့် ငါ​ပေး​ပြီ​ဟု မိန့်​တော်​မူ၏။


ငါ့​လူ​တို့၏​အ​သား​ကို​စား​လျက်၊ အ​ရေ​ကို​ခွာ​လျက်၊ အ​ရိုး​တို့​ကို ချိုး​လျက်၊ ဟင်း​အိုး၌ ချက်​သော သား​တစ်၊ အိုး​ကင်း၌​ပြုတ်​သော အ​မဲ​သား​ကို ပြု​သ​ကဲ့​သို့ အ​ရိုး​အ​သား​ကို စဉ်း​လျက်​နှင့်​ပင်၊


သင်​တို့​တွင် အ​ဘယ်​သူ​သည် ငါ့​တံ​ခါး​တို့​ကို ပိတ်​လိမ့်​မည်​နည်း။ သင်​တို့​သည် ငါ့​ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ကို အ​ချည်း​နှီး​မ​ညှိ​ရ​ကြ။ သင်​တို့​ကို ငါ​အ​လို​မ​ရှိ၊ သင်​တို့​ပြု​သော ပူ​ဇော်​သ​ကာ​ကို ငါ​လက်​မ​ခံ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


လူ​များ​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​ပြု​သော ထုံး​စံ​ဟူ​မူ​ကား၊ ယဇ်​ပူ​ဇော်၍ အ​မဲ​သား​ကို ပြုတ်​စဉ်​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​တစ်​ယောက်​သည်​လာ၍ သုံး​ချောင်း​ရှိ​သော အ​မဲ​ချိတ်​ကို ကိုင်​လျက်၊


ဆီ​ဥ​ကို မီး​မ​ရှို့​မီ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​သည်​လာ၍၊ ယဇ်​ပု​ရော​ဟိတ်​ဖို့ ကင်​စ​ရာ​အ​မဲ​သား​ကို ပေး​ပါ။ ပြုတ်​သော အ​မဲ​သား​ကို မ​ယူ။ စိမ်း​သော​အ​မဲ​သား​ကို​သာ​ယူ​မည်​ဟု ယဇ်​ပူ​ဇော်​သော​သူ​အား ဆို​တတ်၏။


ငါ့​အိမ်၌ ငါ​စီ​ရင်​သော​ယဇ်၊ ငါ့​ပူ​ဇော်​သ​ကာ​ကို အ​ဘယ်​ကြောင့် ခြေ​နှင့်​ကန်​သ​နည်း။ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား တင်​လှူ​သော ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​တို့​တွင်၊ အ​မြတ်​ဆုံး​သော​အ​ရာ​ကို ဝ​စွာ​စား​စေ၍၊ သင်၏​သား​တို့​ကို ငါ့​အ​ပေါ်​မှာ အ​ဘယ်​ကြောင့် ချီး​မြှောက်​သ​နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ