Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 19:6 - Judson Bible in Zawgyi Version

6 ရှော​လု​သည် ယော​န​သန်၏​စ​ကား​ကို​နား​ထောင်၍၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သူ​သည် အ​သေ​မ​ခံ​ရ​ဟု ကျိန်​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ထိုအခါ ရှောလု​မင်းကြီး​သည် ယောနသန်​၏​စကား​ကို နားထောင်​၍ “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သူ​အသတ်ခံရ​မည်​မ​ဟုတ်​”​ဟု ကျိန်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ယော​န​သန်​၏​စ​ကား​များ​မှန်​ကန်​ကြောင်း​ကို ရှော​လု​ကောင်း​စွာ​သ​ဘော​ပေါက်​သ​ဖြင့် မိ​မိ သည်​ဒါ​ဝိဒ်​အား​သေ​ကြောင်း​ကြံ​စည်​တော့​မည် မ​ဟုတ်​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​တိုင်​တည်​၍​က​တိ​သစ္စာ​ပြု​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 19:6
9 ပူးပေါင်းရင်းမြစ်များ  

ဆိုး​ယုတ်​သော​သူ​ကို အ​ယုတ်​ဟူ၍ ထင်​မှတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​သော​သူ​ကို ရို​သေ​ထ​သော၊ ကိုယ်​အ​ကျိုး​ပျက်​ရ​သော်​လည်း ကိုယ်​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို​မ​ဖျက်၊


ကိုး​ကွယ်​ရာ​မ​ရှိ​သော သူ​အ​ပေါင်း​တို့၏​အ​မှု​ကို စောင့်​ခြင်း​ငှာ၊ စ​ကား​အ​သော​သူ​တို့​ဘက်​မှာ နေ၍​ပြော​လော့။


သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု ဆို​သော်​လည်း၊ အ​ကယ်​စင်​စစ် မ​ဟုတ်​မ​မှန် ကျိန်​ဆို​တတ်​ကြ၏။


ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​သော ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ငါ့​သား ယော​န​သန် ဖြစ်​သော်​လည်း၊ ဆက်​ဆက် သေ​ရ​မည်​ဟု​ဆို​သော်၊ အ​ဘယ်​သူ​မျှ ပြန်၍​မ​လျှောက်​ဝံ့။


မိ​မိ​အ​သက်​ကို မ​နှ​မြော​ဘဲ ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​အ​ဖို့ ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​သည်​မြင်၍ ဝမ်း​မြောက်​ပါ၏။ သို့​ဖြစ်၍ အ​ကြောင်း​မ​ရှိ​ဘဲ ဒါ​ဝိဒ်​ကို​သတ်​သ​ဖြင့် အ​ဘယ်​ကြောင့် အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို သတ်​သော​အ​ပြစ် သင့်​ရောက်​စေ​ချင်​ပါ​သ​နည်း​ဟု အ​ဘ​ရှော​လု​အား​ဆို​သော်၊


ယော​န​သန်​သည် ဒါ​ဝိဒ်​ကို​ခေါ်၍ အ​ကြောင်း​အ​ရာ၊ အ​လုံး​စုံ​တို့​ကို​ပြော​ပြီး​မှ၊ ရှော​လု​ထံ​သို့​သွင်း​ပြန်၍ အ​ထံ​တော်၌ အ​ရင်​နေ​သ​ကဲ့​သို့ နေ​ရ၏။


ရှော​လု​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​မှု​ကြောင့် အ​ဘယ်​အ​ပြစ်​မျှ မ​ရောက်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ