Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 19:20 - Judson Bible in Zawgyi Version

20 ဒါ​ဝိဒ်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ စေ​လွှတ်​ပြန်၏။ ပ​ရော​ဖက်​အ​ပေါင်း​အ​သင်း​တို့​သည် ပ​ရော​ဖက်​ပြု​လျက်၊ ရှ​မွေ​လ​စီ​ရင်​လျက်​နေ​သည်​ကို တ​မန်​တို့​သည် တွေ့​မြင်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ရှော​လု၏ တ​မန်​တော်​တို့​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​တို့​သည်​လည်း ပ​ရော​ဖက်​ပြု​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ရှောလု​မင်းကြီး​သည် တမန်​တို့​ကို​စေလွှတ်​၍ ဒါဝိဒ်​ကို ဖမ်းဆီး​စေ​၏​။ သို့သော် ရှမွေလ​ဦးဆောင်​သည့်​ပရောဖက်​တစ်စု ပရောဖက်​ပြု​နေ​ကြ​သည်​ကို​သာ တွေ့​ရ​၏​။ ထို့ပြင် ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ရှောလု​မင်းကြီး​၏​လူ​တို့​အပေါ် သက်ရောက်​သဖြင့် သူ​တို့​လည်း ပရောဖက်​ပြု​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 သူ့​ကို​ဖမ်း​ဆီး​ရန်​လူ​အ​ချို့​တို့​ကို​စေ​လွှတ် တော်​မူ​လိုက်​၏။ သူ​တို့​သည်​ရှ​မွေ​လ​ခေါင်း ဆောင်​ကာ က​ခုန်​အော်​ဟစ်​နေ​ကြ​သော ပ​ရော​ဖက်​တစ်​စု​ကို​မြင်​ကြ​၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ရှော​လု ၏​လူ​တို့​အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​တို့​သည်​လည်း​က​ခုန်​အော်​ဟစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 19:20
13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မှ လူ​မျိုး​တ​ကာ​တို့ အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏ သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည် နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော သူ​တို့​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။


သို့​ရာ​တွင်၊ မျှော်​ကြည့်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​မျိုး​အ​နွယ်​အ​လိုက် အ​သီး​အ​သီး​တပ်​ချ​လျက်​နေ​ကြ​သည်​ကို မြင်​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ​သက်​ရောက်​တော်​မူ​လျှင်၊


ထို​သို့​လူ​များ အုတ်​အုတ်​သဲ​သဲ​ဖြစ်​ကြ​သည်​ကို ဖာ​ရိ​ရှဲ​တို့​သည်​ကြား​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် တိုင်​ပင်​ပြီး​မှ ကိုယ်​တော်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ မင်း​လု​လင်​တို့​ကို စေ​လွှတ်​ကြ၏။-


ပ​ရော​ဖက်​ပြု​သော​သူ​မူ​ကား၊ တည်​ဆောက်​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ သက်​သာ​ခြင်း​အ​လို​ငှာ လူ​တို့​အား​ဟော​ပြော၏။-


တောင်​တော်​သို့ ရောက်​သော​အ​ခါ၊ ပ​ရော​ဖက် အ​ပေါင်း​အ​သင်း​တို့​သည် ဆီး၍ ကြို​ကြ​စဉ်​တွင်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ရှော​လု​အ​ပေါ်​သို့ သက်​ရောက်​တော်​မူ​သ​ဖြင့်၊ သူ​တို့​နှင့်​အ​တူ ပ​ရော​ဖက်​ပြု​လေ၏။


ရှော​လု​သည် သူ့​ကို​စောင့်၍ နံ​နက်​ချိန်၌ သတ်​စေ​ခြင်း​ငှာ သူ့​အိမ်​သို့​လူ​ကို​စေ​လွှတ်၏။ ဒါ​ဝိဒ်​မ​ယား မိ​ခါ​လ​က၊ သင်​သည် ယ​နေ့​ည​မှာ ကိုယ်​အ​သက်​ကို မ​ကယ်​မ​လျှင်၊ နက်​ဖြန်​နေ့၌ အ​သေ​ခံ​ရ​လိမ့်​မည်​ဟု​ဆို​လျက်၊


ဒါ​ဝိဒ်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ ရှော​လု​စေ​လွှတ်​သော​လု​လင်​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​နာ၍ နေ​ပါ​သည်​ဟု မ​ယား​ပြော​ဆို၏။


ဒါ​ဝိဒ်​သည် ရာ​မ​မြို့​နယ်၊ နာ​ယုတ်​ရွာ​မှာ​ရှိ​ကြောင်း​ကို ရှော​လု​သည်​ကြား၍၊


ထို​သ​တင်း​ကို ရှော​လု​သည်​ကြား​လျှင် အ​ခြား​သော​သူ​တို့​ကို စေ​လွှတ်၍၊ သူ​တို့​သည်​လည်း ပ​ရော​ဖက်​ပြု​ရ​ကြ၏။ တ​တိ​ယ​အ​ကြိမ် ရှော​လု​သည်​စေ​လွှတ်၍၊ ထို​အ​တူ​ပြု​ရ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ