Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 19:18 - Judson Bible in Zawgyi Version

18 ထို​သို့ ဒါ​ဝိဒ်​ပြေး၍ ရှော​လု​လက်​မှ​လွတ်​သ​ဖြင့်၊ ရှ​မွေ​လ​ရှိ​ရာ ရာ​မ​မြို့​သို့​ရောက်​လေ၏။ ရှော​လု ပြု​လေ​သ​မျှ​တို့​ကို ပြန်​ကြား​ပြီး​မှ၊ ရှ​မွေ​လ​သည်​သွား၍ နာ​ယုတ်​ရွာ​မှာ​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ဒါဝိဒ်​သည် ထွက်ပြေး​လွတ်မြောက်​သွား​၍ ရှမွေလ​ရှိ​ရာ ရာမ​မြို့​သို့​ရောက်လာ​ပြီး မိမိ​အား ရှောလု​ပြု​ခဲ့​သမျှ​ကို ရှမွေလ​အား ပြောပြ​၏​။ ထို့နောက် ရှမွေလ​နှင့်​ဒါဝိဒ်​သည် နာယုတ်​အရပ်​၌ သွား​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ဒါ​ဝိဒ်​သည်​ယင်း​သို့​ထွက်​ပြေး​လွတ်​မြောက်​သွား ပြီး​လျှင် ရာ​မ​မြို့​ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​၍ မိ​မိ အား​ရှော​လု​ပြု​သ​မျှ​သော​အ​မှု​တို့​ကို ပြော​ပြ​၏။ ထို​နောက်​သူ​နှင့်​ရှ​မွေ​လ​တို့​သည် နာ​ယုတ်​ရွာ​သို့​သွား​ရောက်​နေ​ထိုင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 19:18
11 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​သည် မု​သား​ကို​သုံး​တတ်​ကြ၏​ဟု သ​တိ​လစ်​လျက် ပြော​မိ၏။


အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ကြ​လော့။ ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ အ​ချင်း​ချင်း​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။-


ထို​သူ​တို့​သည် နံ​နက်​စော​စော​ထ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုး​ကွယ်​ပြီး​လျှင်၊ ရာ​မ​မြို့​မှာ​ရှိ​သော မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ၏။ ထို​အ​ခါ ဧ​လ​ကာ​န​သည် မ​ယား​ဟ​န္န​နှင့် ဆက်​ဆံ၍ ထာ​ဝ​ရ​ဘု​ရား အောက်​မေ့​တော်​မူ​သ​ဖြင့်၊


ထို​နောက် ရှ​မွေ​လ​သည် ရာ​မ​မြို့​သို့​သွား၍ ရှော​လု​သည် မိ​မိ​နေ​ရာ ဂိ​ဗာ​မြို့၊ နန်း​တော်​သို့ ပြန်​သွား​လေ၏။


ဒါ​ဝိဒ်​သည် ရာ​မ​မြို့​နယ်၊ နာ​ယုတ်​ရွာ​မှာ​ရှိ​ကြောင်း​ကို ရှော​လု​သည်​ကြား၍၊


ထို​အ​ခါ ကိုယ်​တိုင်​ရာ​မ​မြို့​သို့​သွား၍၊ စေ​ခု​ရွာ၌​ရှိ​သော ရေ​တွင်း​ကြီး​သို့​ရောက်​သော်၊ ရှ​မွေ​လ​နှင့် ဒါ​ဝိဒ်​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​လျှင်၊ ရာ​မ​မြို့​နယ်၊ နာ​ယုတ်​ရွာ​မှာ​ရှိ​ပါ​သည်​ဟု ကြား​လျှောက်​လေ​သော်၊


ထို​အ​ရပ်​သို့​သွား၍၊ ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ​သက်​ရောက်​သ​ဖြင့်၊ နာ​ယုတ်​ရွာ​တိုင်​အောင် ပ​ရော​ဖက်​ပြု​လျက် သွား​လေ၏။


ဒါ​ဝိဒ်​သည် ရာ​မ​မြို့၊ နာ​ယုတ်​ရွာ​မှ​ပြေး၍ ယော​န​သန်​ထံ​သို့​ရောက်​ပြီး​လျှင်၊ ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း။ အ​ဘယ်​အ​ပြစ် ရှိ​သ​နည်း။ ခ​မည်း​တော်​သည် ကျွန်ုပ်​အ​သက်​ကို​ရှာ​မည်​အ​ကြောင်း၊ ကျွန်ုပ်​သည် အ​ဘယ်​ဒု​စ​ရိုက်​ကို ပြု​ဘိ​သ​နည်း​ဟု​မေး​သော်၊


အာ​ခိတ်​မင်း၏​ကျွန်​တို့​က၊ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ဖြစ်​သည်​မ​ဟုတ်​လော။ ရှော​လု အ​ထောင်​ထောင်၊ ဒါ​ဝိဒ် အ​သောင်း​သောင်း သတ်​လေ​စွ​တ​ကား​ဟု ဤ​သူ​ရှေ့​မှာ အ​လှည့်​လှည့်​က​လျက် သီ​ချင်း​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု လျှောက်​ကြ၏။


ထို​ကာ​လ၌ ရှ​မွေ​လ​မ​ရှိ၊ သေ​လွန်​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​လျက်၊ သူ့​ကို သူ​နေ​ရင်း​ရာ​မ​မြို့၌ သင်္ဂြိုဟ်​ကြ​ပြီ။ ရှော​လု​သည် စုန်း​နှင့် နတ်​ဝင်​အ​ပေါင်း​တို့​ကို တစ်​ပြည်​လုံး​တွင် သုတ်​သင်​ပယ်​ရှင်း​နှင့်​ပြီ။


ပြန်​လာ​သော​အ​ခါ၊ မိ​မိ​အိမ်​ရှိ​သော ရာ​မ​မြို့​သို့ ပြန်​လာ၍ ထို​မြို့​မှာ​လည်း ဣ​သ​ရေ​လ​အ​မျိုး၌ စီ​ရင်​ရန် အ​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လျက်​နေ​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ