Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 19:17 - Judson Bible in Zawgyi Version

17 ရှော​လု​က​လည်း ငါ့​ကို​လှည့်​စား၍ အ​ဘယ်​ကြောင့် ရန်​သူ​ကို လွှတ်​လိုက်​သ​နည်း။ ယ​ခု​လွတ်​အောင် ပြေး​ပါ​ပြီ​တ​ကား​ဟု မိ​ခါ​လ​အား​ပြော​ဆို​လျှင်၊ မိ​ခါ​လ​က ငါ​သွား​မည်။ သို့​မ​ဟုတ် သင့်​ကို​ငါ​သတ်​မည်​ဟု သူ​ပြော​ပါ​သည်​ဟု ရှော​လု​အား ပြန်​လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ထိုအခါ ရှောလု​မင်းကြီး​က မိခါလ​အား “​အဘယ်ကြောင့် ငါ့​ကို ဤသို့​လှည့်စား​၍ ငါ့​ရန်သူ​လွတ်မြောက်​အောင် လွှတ်ပေး​သနည်း​”​ဟု ဆို​လျှင် မိခါလ​က ရှောလု​အား “သူ​က ‘​ငါ့​ကို လွှတ်​ပါ​။ အဘယ်ကြောင့် သင့်​ကို ငါ​သတ်​ရ​မည်နည်း​’​ဟု အကျွန်ုပ်​အား ဆို​ပါ​၏​”​ဟု ပြန်ပြော​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ရှော​လု​က​မိ​ခါ​လ​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​အား​ဤ​သို့​လှည့်​စား​၍ ငါ့​ရန်​သူ ကို​ထွက်​ပြေး​စေ​ပါ​သ​နည်း''ဟု​မေး​တော် မူ​လျှင်၊ မိ​ခါ​လ​က``သူ့​အား​လွတ်​မြောက်​အောင်​မ​ကူ ညီ​လျှင် ကျွန်​မ​အား​သတ်​ပစ်​မည်​ဟု​ဆို​သော ကြောင့်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 19:17
10 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ၏ ကျွန်​တို့​သည် ထို​အိမ်​သို့​ရောက်၍ အ​ဟိ​မတ်​နှင့် ယော​န​သန်​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မိန်း​မ​အား​မေး​လျှင်၊ မိန်း​မ​က၊ ချောင်း​တစ်​ဖက်​သို့ ကူး​ကြ​ပြီ​ဟု​ပြော​သ​ဖြင့် သူ​တို့​သည် ရှာ၍​မ​တွေ့​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ကြ၏။


တစ်​ဖန် အာ​ဗ​နာ​က ငါ့​ကို​မ​လိုက်​နှင့်။ လှည့်​သွား​တော့။ သင့်​ကို မြေ​ပေါ်​သို့​အ​ဘယ်​ကြောင့် ငါ​လှဲ​ရ​မည်​နည်း။ သို့​ပြု​လျှင် သင့်​အစ်​ကို​ယွာ​ဘ​ရှေ့​မှာ ငါ့​မျက်​နှာ​ကို အ​ဘယ်​သို့ ငါ​ပြ​နိုင်​မည်​နည်း​ဟု ဆို​သော်​လည်း၊


အာ​ဟပ်​က​လည်း၊ အ​ချင်း​ရန်​သူ၊ ငါ​နှင့်​တွေ့​ပြီ​လော​ဟု ဧ​လိ​ယ​အား​ဆို​လျှင်၊ ဧ​လိ​ယ​က​သင်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​လို၍ ကိုယ်​ကို​ရောင်း​သော​ကြောင့် သင်​နှင့်​ငါ​တွေ့​ပြီ။


ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ​တို့ လှည့်​ဖြား​သည်​ကို​သိ​လျှင်၊ ပြင်း​စွာ​အ​မျက်​ထွက်၍ လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ မာ​ဂု​ပ​ညာ​ရှိ​တို့၌ စေ့​စေ့​မေး​မြန်း​ပြီး​သော ကြယ်၏​အ​ချိန်​ကာ​လ​ကို ထောက်၍၊ ဗက်​လင်​မြို့​မှ​စ​သော ကျေး​လက်​ရှိ​သ​မျှ​တို့၌ နှစ်​နှစ်​အ​ရွယ်​မှ​စ၍ ထို​အ​ရွယ်​အောက်​ယုတ်​သော သူ​ငယ်​ယောက်ျား​အ​ပေါင်း​တို့​ကို သတ်​စေ၏။-


ယ​ခု​မူ​ကား၊ ငါ​သည် သ​မ္မာ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သော​ကြောင့် သင်​တို့၏​ရန်​သူ ဖြစ်​သ​လော။-


ဒါ​ဝိဒ်​ကို ဖမ်း​ဆီး​စေ​ခြင်း​ငှာ ရှော​လု​စေ​လွှတ်​သော​လု​လင်​ရောက်​သော​အ​ခါ၊ ဒါ​ဝိဒ်​နာ၍ နေ​ပါ​သည်​ဟု မ​ယား​ပြော​ဆို၏။


တ​မန်​တို့​သည် ဝင်​ကြ​သော​အ​ခါ ဆိတ်​မွေး​ဖြ​င့် ရက်​သော​ကု​လား​ကာ​နှင့် ခေါင်း​ရင်း​ရှေ့၌ ကာ​လျက်၊ ခု​တင်​ပေါ်​မှာ တေ​ရပ်​ရုပ်​တု ရှိ​ပါ​သည်​တ​ကား။


ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဒါ​ဝိဒ်​ဘက်​မှာ​နေ၍၊ သူ​ပြေး​ကြောင်း​ကို သိ​သော်​လည်း ငါ့​အား​မ​ကြား​မ​ပြော​သော​ကြောင့်၊ သူ​တို့​ကို လှည့်၍​သတ်​ကြ​ဟု ခြံ​ရံ​လျက်​ရှိ​သော ခြေ​သည်​တို့​အား အ​မိန့်​တော်​ရှိ​သော်​လည်း၊ ရှင်​ဘု​ရင်၏ ကျွန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ်​တို့​ကို မ​လုပ်​ကြံ​ဘဲ​နေ​ကြ၏။


မိန်း​မ​သည် ရှ​မွေ​လ​ကို​မြင်​သော​အ​ခါ ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍၊ ကိုယ်​တော်​သည် ကျွန်​မ​ကို အ​ဘယ်​ကြောင့် လှည့်​စား​သ​နည်း။ ကိုယ်​တော်​သည် ရှော​လု​ဖြစ်​ပါ၏​ဟု ရှော​လု​အား​ဆို​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ