Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 19:13 - Judson Bible in Zawgyi Version

13 မိ​ခါ​လ​သည်​လည်း၊ တေ​ရပ်​ရုပ်​တု​ကို​ယူ၍ ခု​တင်​ပေါ်​မှာ ထား​ပြီး​လျှင်၊ ဆိတ်​မွေး​ဖြင့်​ရက်​သော ကု​လား​ကာ​နှင့် ခေါင်း​ရင်း​ရှေ့၌​ကာ၍ စောင်​နှင့်​ခြုံ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထို့နောက် မိခါလ​သည် တေရပ်ရုပ်တု​ကို​ယူ​၍ အိပ်ရာ​ပေါ်​တင်ထား​ပြီး ဆိတ်မွေး​ခေါင်းအုံး အုံး​စေ​ကာ အဝတ်​နှင့်​လွှမ်း​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ထို​နောက်​မိ​ခါ​လ​သည်​အိမ်​စောင့်​နတ်​ရုပ်​ကို ယူ​ပြီး​လျှင် အိပ်​ရာ​ပေါ်​မှာ​တင်​၍​ဆိတ်​မွေး ခေါင်း​အုံး​တစ်​လုံး​နှင့်​သိပ်​ထား​၏။ ထို​နောက် စောင်​ခြုံ​ပေး​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 19:13
6 ပူးပေါင်းရင်းမြစ်များ  

လာ​ဗန်​သည် သိုး​မွေး​ကို​ညှပ်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သို့​သွား​ခိုက်​တွင်၊ ရာ​ခေ​လ​သည်၊ သူ၏​တေ​ရပ်​ရုပ်​တု​တို့​ကို ခိုး​ယူ​လေ၏။


အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ့​ရက်​များ​စွာ ရှင်​ဘု​ရင်​မ​ရှိ၊ မင်း​သား​မ​ရှိ၊ ယဇ်​ပူ​ဇော်​ခြင်း​မ​ရှိ၊ ဆင်း​တု​မ​ရှိ၊ သင်​တိုင်း​မ​ရှိ၊ တေ​ရပ်​ရုပ်​တု​မ​ရှိ​ဘဲ နေ​ရ​ကြ​လိမ့်​မည်။


ထို​လူ​မိ​က္ခာ​သည် ဘု​ရား​ကျောင်း​ရှိ၍၊ သင်​တိုင်း​တော်​နှင့် တေ​ရပ်​ရုပ်​တု​ကို လုပ်​ပြီး​မှ၊ မိ​မိ​သား​တစ်​ယောက်​ကို မိ​မိ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လေ၏။


ထို​အ​ခါ လဲ​ရှ​မြို့​ကို စူး​စမ်း​ခြင်း​ငှာ​သွား​သော သူ​ငါး​ယောက်​တို့​က၊ ဤ​အိမ်​တို့၌ သင်​တိုင်း​တော်၊ တေ​ရပ်​ရုပ်​တု၊ ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​ရှိ​ကြောင်း​ကို သိ​သ​လော။ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဆင်​ခြင်​ကြ​လော့​ဟု အ​မျိုး​သား​ချင်း​တို့​အား​ဆို​သော်၊


လဲ​ရှ​မြို့​ကို စူး​စမ်း​သော လူ​ငါး​ယောက်​တို့​သည် မိ​က္ခာ​အိမ်​သို့​ဝင်၍၊


တ​မန်​တို့​သည် ဝင်​ကြ​သော​အ​ခါ ဆိတ်​မွေး​ဖြ​င့် ရက်​သော​ကု​လား​ကာ​နှင့် ခေါင်း​ရင်း​ရှေ့၌ ကာ​လျက်၊ ခု​တင်​ပေါ်​မှာ တေ​ရပ်​ရုပ်​တု ရှိ​ပါ​သည်​တ​ကား။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ