၁ ဓမ္မရာဇဝင် 19:1 - Judson Bible in Zawgyi Version1 ထိုကြောင့် ရှောလုသည် ဒါဝိဒ်ကိုသတ်စေခြင်းငှာ၊ သားတော်ယောနသန်နှင့် မိမိကျွန်အပေါင်းတို့ကို မှာထားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ရှောလုမင်းကြီးသည် မိမိသားတော်ယောနသန်နှင့် အမှုထမ်းတို့အား ဒါဝိဒ်ကိုသတ်ပစ်ရန် အမိန့်ပေးထား၏။ သို့သော် ရှောလုမင်းကြီး၏သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်ခင်နှစ်သက်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ဒါဝိဒ်အားသတ်ပစ်ရန် မိမိကြံစည်တော်မူကြောင်း ရှောလုသည်သား တော်ယောနသန်နှင့်နန်းတွင်းအရာရှိအပေါင်း တို့အားပြောပြ၏။ သို့ရာတွင်ယောနသန်သည် ဒါဝိဒ်ကိုအလွန်ချစ်ခင်စွဲလန်းသဖြင့်၊- အခန်းကိုကြည့်ပါ။ |
ဣရှဗောရှက်၏ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူ ရှောလု၏သား ဣရှဗောရှက်၏ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင်မင်းကြီးခံရတော်မူသော အပြစ်ကို ထာဝရဘုရားသည် ရှောလု၌လည်းကောင်း၊ သူ၏အမျိုးအနွယ်၌လည်းကောင်း၊ ယနေ့ဆပ်ပေးတော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊