Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 18:27 - Judson Bible in Zawgyi Version

27 မိ​မိ​လူ​တို့​နှင့်​အ​တူ သွား​သ​ဖြင့်၊ ဖိ​လိ​တ္တိ​လူ​နှစ်​ရာ​တို့​ကို သတ်​ပြီး​မှ၊ ရှင်​ဘု​ရင်၏​သ​မက်​တော် ဖြစ်​လို​သော​ငှာ၊ သူ​တို့​အ​ရေ​ဖျား​များ​ကို ယူ​ခဲ့၍၊ စုံ​လင်​သော​အ​ရေ​အ​တွက်​အား​ဖြင့် ရှင်​ဘု​ရင်​အား ဆက်​လေ၏။ ရှော​လု​သည်​လည်း သ​မီး​တော်​မိ​ခါ​လ​ကို ပေး​စား​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 ဒါဝိဒ်​နှင့် သူ့​လူ​တို့​သည် ထ​သွား​၍ ဖိလိတ္တိ​လူမျိုး​အယောက်​နှစ်ရာ​ကို​သတ်​လေ​၏​။ ထို့နောက် ဒါဝိဒ်​သည် ထို​သူ​တို့​၏​ထိပ်ဖုံးအရေပြား​ကို​ယူလာ​၍ ဘုရင့်​သမက်​တော်​ဖြစ်​ရ​ဖို့ ရှင်ဘုရင်​အား အတိအကျ​ဆက်သ​လေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် မိမိ​သမီး မိခါလ​ကို ဒါဝိဒ်​နှင့် ပေးစား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 ဒါ​ဝိဒ်​သည်​မိ​မိ​၏​တပ်​သား​များ​နှင့်​ထွက်​သွား ပြီး​လျှင်​ဖိ​လိတ္တိ​အ​မျိုး​သား​နှစ်​ရာ​ကို​သတ် ဖြတ်​၍ သ​မက်​တော်​ဖြစ်​ရန်​ထို​သူ​တို့​၏​အ​ရေ ဖျား​များ​ကို​မင်း​ကြီး​ထံ​သို့​ယူ​ခဲ့​ကာ​ရေ တွက်​၍​ဆက်​၏။ ထို့​ကြောင့်​ရှော​လု​သည်​သမီး တော်​မိ​ခါ​လ​အား​ဒါ​ဝိဒ်​နှင့်​ထိမ်း​မြား​စုံ​ဖက် ပေး​ရ​လေ​တော့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 18:27
8 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က​လည်း ကောင်း​ပြီ။ သင်​နှင့်​ငါ မိတ်​သ​ဟာ​ယ​ဖွဲ့​မည်။ သို့​ရာ​တွင် ငါ​တောင်း​စ​ရာ​တစ်​ခု​ရှိ၏။ ငါ့​မျက်​နှာ​ကို​မြင်​အံ့​သော​ငှာ လာ​သော​အ​ခါ၊ ရှော​လု​သ​မီး မိ​ခါ​လ​ကို​ဆောင်​ခဲ့​ရ​မည်။ သို့​မ​ဟုတ် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြန်​ဆို၏။


ဒါ​ဝိဒ်​သည်​လည်း သံ​တ​မန်​တို့​ကို ရှော​လု​သား ဣ​ရှ​ဗော​ရှက်​ထံ​သို့ စေ​လွှတ်၍၊ ငါ​သည် ဖိ​လိ​တ္တိ​လူ​အ​ရေ​ဖျား​တစ်​ရာ​နှင့် ဝယ်​ယူ​သော ငါ့​မ​ယား​မိ​ခါ​လ​ကို အပ်​လိုက်​ရ​မည်​ဟု မှာ​လိုက်​သည်​အ​တိုင်း၊


ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ရှံ​ဆုန်​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ​သည် အာ​ရှ​ကေ​လုန်​မြို့​သို့ သွား၍ မြို့​သား​သုံး​ဆယ်​ကို သတ်​ပြီး​မှ သူ​တို့​ဥ​စ္စာ​ကို​လု​ယူ၍ စ​ကား​ဝှက်​အ​နက်​ကို ဖော်​ပြ​သော​သူ​တို့​အား အ​ဝတ်​စုံ​တို့​ကို​ပေး​ပြီး​မှ၊ အ​မျက်​ထွက်၍ မိ​မိ​အ​ဘ​အိမ်​သို့ ပြန်​သွား​လေ၏။


သား​တော်​ကား ယော​န​သန်၊ ဣ​ရွှိ၊ မေ​လ​ခိ​ရွှ​တည်း။ သ​မီး​တော်​နှစ်​ယောက်​တွင် အ​ကြီး​ကား မေ​ရပ်။ အ​ငယ်​ကား၊ မိ​ခါ​လ​တည်း။


အ​ထံ​တော်​မှ​ရွှေ့၍ လူ​တစ်​ထောင်​အုပ်​အ​ရာ​ကို ပေး၏။ ဒါ​ဝိဒ်​သည် လူ​များ​ရှေ့၌ ထွက်​ဝင်​ရ၏။


တစ်​ဖန် ရှော​လု​သည် ဒါ​ဝိဒ်​ကို​ခေါ်၍ ငါ့​သ​မီး​ကြီး မေ​ရပ်​ကို သင့်​အား​ငါ​ပေး​စား​မည်။ သင်​သည် ငါ့​အ​ဖို့ ရဲ​ရင့်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ စစ်​တိုက်​ခြင်း​ကို​သာ​ပြု​လော့​ဟု မိန့်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​လက်​သည် သူ့​အ​ပေါ်​သို့ မ​ရောက်​စေ​နှင့်။ ဖိ​လိ​တ္တိ​လူ​တို့​လက်​သည် ရောက်​ပါ​စေ​သော​ဟု ရှော​လု​အ​ကြံ​ရှိ၏။


ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​မိ​သ​မီး​သည် ချစ်​ကြောင်း​ကို​လည်း​ကောင်း၊ ရှော​လု​သည်​မြင်၍၊


ရှော​လု​သည် မိ​မိ​သ​မီး​ဖြစ်​သော ဒါ​ဝိဒ်၏​မ​ယား​မိ​ခါ​လ​ကို၊ ဂ​လ္လိမ်​မြို့​သား​ဖြစ်​သော လဲ​ရှ၏​သား​ဖာ​လ​တိ​အား ပေး​စား​နှင့်​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ