Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 18:18 - Judson Bible in Zawgyi Version

18 ဒါ​ဝိဒ်​က​လည်း၊ ကျွန်​တော်​သည် ရှင်​ဘု​ရင်၏​သ​မက်​တော်​ဖြစ်​ရ​ပါ​မည်​အ​ကြောင်း အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ကျွန်​တော်​အ​သက်​နှင့် ကျွန်​တော် အ​ဆွေ​အ​မျိုး​သည်၊ ဣ​သ​ရေ​လ​နိုင်​ငံ၌ အ​ဘယ်​သို့ မြတ်​ပါ​သ​နည်း​ဟု ရှော​လု​အား လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 သို့သော် ဒါဝိဒ်​က ရှောလု​မင်းကြီး​အား “​အစ္စရေး​လူမျိုး​တို့​တွင် အကျွန်ုပ်​အပါအဝင် အကျွန်ုပ်​၏​မိသားစု​နှင့် အကျွန်ုပ်​ဖခင်​၏​မျိုးနွယ်စု​ကား မည်သူ​များ​ဖြစ်​၍ အကျွန်ုပ်​သည် အရှင်မင်းကြီး​၏​သမက်​တော်​ဖြစ်​ရ​ပါ​မည်နည်း​”​ဟု ပြန်လျှောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ဒါ​ဝိဒ်​က``အ​ကျွန်ုပ်​၏​အ​မျိုး​အ​နွယ်​သည် အ​ဘယ်​သို့​သော​အ​မျိုး​အ​နွယ်၊ အ​ကျွန်ုပ် သည်​လည်း​အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​ဖြင့် ဘု​ရင်​၏​သ​မက်​တော်​ဖြစ်​ထိုက်​ပါ​သ​နည်း'' ဟု​လျှောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 18:18
9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​ထဲ​သို့​ဝင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထိုင်​နေ​လျက်၊ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို ဤ​မျှ​လောက် ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ အ​ကျွန်ုပ်​အ​မျိုး​သည် အ​ဘယ်​သို့​သော​အ​မျိုး ဖြစ်​ပါ​သ​နည်း။


နဿ​လိ​ခ​ရိုင်​ကို စီ​ရင်​သော​သူ၊ ရှော​လ​မုန်၏​သ​မီး​တော် ဗာ​သ​မတ်​နှင့်​စုံ​ဖက်​သော အ​ဟိ​မတ်၊


မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ဖာ​ရော​ဘု​ရင်​ထံ​သို့ ဝင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​အား​လျှောက်​လျှင်၊


ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ​ကို​သွန်​သင်​ခြင်း​ဖြစ်၏။ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။


ပျက်​စီး​ခြင်း​အ​ရင်၌ လူ​သည် စိတ်​မြင့်​ခြင်း၏​နေ​ရာ၊ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။


ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် မ​ဟော​မ​ပြော​တတ်​ပါ။ သူ​ငယ်​ဖြစ်​ပါ၏​ဟု လျှောက်​လျှင်၊


ရု​သ​သည် မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​မ​သည် တစ်​ပါး​အ​မျိုး​သား​ဖြစ်၍ ကိုယ်​တော်​သည် ကျွန်​မ​ကို သိ​မှတ်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ စိတ်​တော်​နှင့်​တွေ့​ရ​ပါ​သ​နည်း​ဟု လျှောက်​လေ၏။


ရှော​လု၏ ကျွန်​တို့​သည် ဒါ​ဝိဒ်​အား​ပြော​ကြ၏။ ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​သည် အ​သ​ရေ​မ​ရှိ​သော ဆင်း​ရဲ​သား​ဖြစ်​လျက်​နှင့် ရှင်​ဘု​ရင်၏ သ​မက်​တော်​လုပ်​ရ​သော​အ​မှု​သည် သာ​မ​ည​အ​မှု ထင်​သ​လော​ဟု ပြော​ဆို၏။


ရှော​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​တို့​တွင် အ​ငယ်​ဆုံး​သော​အ​မျိုး၊ ဗင်္ယာ​မိန်​အ​မျိုး​သား​ဖြစ်​ပါ​သည် မ​ဟုတ်​လော။ အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး​သည် ဗင်္ယာ​မိန်​အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​တွင် အ​ငယ်​ဆုံး​ဖြစ်​ပါ​သည်​မ​ဟုတ်​လော။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား​အ​ဘယ်​ကြောင့် ဤ​သို့​ပြော​ပါ​သ​နည်း​ဟု လျှောက်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ