၁ ဓမ္မရာဇဝင် 18:10 - Judson Bible in Zawgyi Version10 နက်ဖြန်နေ့ ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာ ရောက်သဖြင့်၊ ရှောလုသည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတိုကိုကိုင်လျက် ရှိ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်10 နောက်တစ်နေ့တွင် ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို ဝင်ပူးသဖြင့် သူသည် နန်းတော်အလယ်တွင် အော်ဟစ်ရေရွတ်နေ၍ ဒါဝိဒ်သည် ယခင်နေ့များကဲ့သို့ပင် စောင်းတီးပေး၏။ ရှောလုမင်းကြီးသည် လှံကိုလည်း ကိုင်ထား၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 နောက်တစ်နေ့၌ဘုရားသခင်၏ထံတော်မှ နတ်မိစ္ဆာသည်ရှောလုကိုပူးဝင်သဖြင့် သူသည် သူရူးသဖွယ်နန်းတော်တွင်းဝယ်ဟစ်အော် လျက်နေ၏။ ရှောလုသည်လှံတန်ကိုကိုင် ထားပြီးလျှင်၊- အခန်းကိုကြည့်ပါ။ |
ယခုမှာ ကျွန်တော်သခင်ရှင်ဘုရင်၊ ကိုယ်တော်ကျွန်စကားကို နားညောင်းတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်ကို ကျွန်တော်တစ်ဖက်၌ နှိုးဆော်တော်မူသည် မှန်လျှင်၊ ယဇ်ပူဇော်ခြင်းကိုလက်ခံတော်မူပါစေသော။ သို့မဟုတ် လူသားတို့ နှိုးဆော်သည်မှန်လျှင်၊ ထာဝရဘုရားရှေ့တော်၌ ကျိန်ခြင်းကို ခံကြပါစေသော။ အကြောင်းမူကား၊ သူတို့က သွားတော့။ အခြားတစ်ပါးသော ဘုရားတို့ကိုဝတ်ပြုတော့ဟု ဆိုလျက် ကျွန်တော်ကို ထာဝရဘုရား၏အမွေတော်မြေ၌ မနေစေခြင်းငှာ ယနေ့ပင် နှင်ထုတ်ကြပါသည်တကား။