၁ ဓမ္မရာဇဝင် 17:51 - Judson Bible in Zawgyi Version51 ထိုအခါ ဒါဝိဒ်သည် ဓားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ဓားကို ဓားအိမ်မှနုတ်ဆွဲပြီးလျှင် လည်ပင်းကိုဖြတ်၍ အပြီးသတ်လေ၏။ ဖိလိတ္တိလူတို့သည် သူတို့၏ သူရဲသေကြောင်းကိုမြင်သောအခါ ပြေးကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်51 ဒါဝိဒ်သည် ပြေးသွား၍ ဖိလိတ္တိပြည်သားကို ဖိနင်းထား၏။ ထိုသူ၏ဓားကိုလည်း ဓားအိမ်မှဆွဲထုတ်ယူပြီးလျှင် ထိုဓားဖြင့် သူ့ကို သတ်ကာ ဦးခေါင်းကို ဖြတ်လေ၏။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိမိတို့၏လူစွမ်းကောင်း ကျဆုံးသည်ကိုမြင်လျှင် ထွက်ပြေးကြလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version51 သူသည်ဂေါလျတ်ရှိရာသို့ပြေးပြီးနောက် သူ့ကို ခြေနှင့်နင်းကာသူ၏ဓားကိုဓားအိမ်မှဆွဲထုတ် ပြီးလျှင် ခေါင်းကိုဖြတ်၍သတ်လေတော့သည်။ ဖိလိတ္တိအမျိုးသားများသည် မိမိတို့သူရဲ ကောင်းကြီးကျဆုံးသွားသည်ကိုမြင်ကြ သောအခါထွက်ပြေးကြကုန်၏။- အခန်းကိုကြည့်ပါ။ |