Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 16:15 - Judson Bible in Zawgyi Version

15 ရှော​လု၏ ကျွန်​တို့​က​လည်း၊ ယ​ခု​မှာ ဘု​ရား​သ​ခင်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို နှောင့်​ယှက်​တတ်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​က​လည်း “​ကြည့်ရှု​လော့​။ ဘုရားသခင်​ထံ​တော်​မှ ဝိညာဉ်ဆိုး​သည် အရှင့်​ကို​နှောင့်ယှက်​ပါ​ပြီ​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 အ​စေ​ခံ​တို့​က​လည်း​ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ် လိုက်​သည့်​နတ်​မိစ္ဆာ​သည် အ​ရှင်​မင်း​ကြီး​အား​နှောင့် ယှက်​ညှင်း​ဆဲ​လျက်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့ သိ​ကြ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 16:15
6 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​နှင့် ရှေ​ခင်​မြို့​သား​စပ်​ကြား​မှာ ဆိုး​သော​ဝိ​ညာဉ်​ကို စေ​လွှတ်​တော်​မူ၍၊ ရှေ​ခင်​မြို့​သား​တို့​သည် အ​ဘိ​မ​လက်၏​သ​စ္စာ​ကို​ဖျက်​ကြ၏။


တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​မှ ငါ​ပယ်​သော​ကြောင့်၊ သင်​သည် အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး စိတ်​မ​သာ ညည်း​တွား​လျက် နေ​လိမ့်​မည်​နည်း။ သင်၏​ဘူး​ကို ဆီ​နှင့်​ပြည့်​စေ​လော့။ ဗက်​လင်​မြို့​သား ယေ​ရှဲ​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ၏​သား​တို့​တွင် ငါ့​အ​ဖို့ ရှင်​ဘု​ရင်​တစ်​ပါး​ကို ငါ​ပြင်​ဆင်​ပြီ​ဟု ရှ​မွေ​လ​အား မိန့်​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ရှော​လု​မှ​ထွက်​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ်​သည် နှောင့်​ယှက်​တတ်၏။


ခ​စား​သော ကိုယ်​တော်၏​ကျွန်​တို့​သည်၊ သာ​ယာ​စွာ စောင်း​တီး​တတ်​သော​သူ​ကို ရှာ​ဖွေ​ရ​မည်​အ​ကြောင်း အ​ရှင်​အ​မိန့်​ရှိ​တော်​မူ​ပါ။ ဘု​ရား​သ​ခင့်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ် လာ​သော​အ​ခါ၊ သူ​သည် စောင်း​တီး​သ​ဖြင့် ကိုယ်​တော်​သည် ချမ်း​သာ​ရ​တော်​မူ​မည်​ဟု လျှောက်​လျှင်၊


နက်​ဖြန်​နေ့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​က၊ ဆိုး​သော​ဝိ​ညာဉ်​သည် ရှော​လု​အ​ပေါ်​မှာ ရောက်​သ​ဖြင့်၊ ရှော​လု​သည် နန်း​တော်​အ​လယ်၌ ပ​ရော​ဖက်​ပြု​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် အ​ရင်​ကဲ့​သို့ စောင်း​တီး​လေ၏။ ရှော​လု​သည် လှံ​တိုကို​ကိုင်​လျက် ရှိ၍၊


ရှော​လု​သည် လှံ​တို​ကို​ကိုင်၍ နန်း​တော်၌​ထိုင်​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဆိုး​သော​ဝိ​ညာဉ်​သက်​ရောက်၍၊ ဒါ​ဝိဒ်​သည် စောင်း​တီး​လျက်​နေ​သော​အ​ခါ၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ