Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ဓမ္မ​ရာဇဝင် 15:16 - Judson Bible in Zawgyi Version

16 ရှ​မွေ​လ​က​လည်း၊ နေ​ပါ​ဦး​လော့။ မ​နေ့​ည​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို ပြန်​ပြော​ပါ​မည်​ဟု ရှော​လု​အား​ဆို​လျှင်၊ ရှော​လု​က ပြော​ပါ​တော့​ဟု​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထိုအခါ ရှမွေလ​က ရှောလု​မင်းကြီး​အား “​နေပါဦး​။ မနေ့​ည​က ထာဝရဘုရား ငါ့​အား မိန့်​တော်မူ​သော​စကား​ကို သင့်​အား ငါ​ပြောပြ​မည်​”​ဟု ဆို​လျှင် ရှောလု​မင်းကြီး​က​လည်း “​ပြော​ပါ​လော့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ရှ​မွေ​လ​က``နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား သည် ငါ့​အား​ယ​မန်​နေ့​ည​က​အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို​သင့်​အား​ငါ​ဖော်​ပြ​မည်'' ဟု​ဆို​လျှင်​ရှောလု​က``အ​မိန့်​ရှိ​ပါ'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ဓမ္မ​ရာဇဝင် 15:16
8 ပူးပေါင်းရင်းမြစ်များ  

ထို​မိန်း​မ​သည် တံ​ခါး​အ​ထဲ​သို့​ဝင်၍၊ နင်း​သံ​ကို အ​ဟိ​ယ​သည်​ကြား​လျှင်၊ အို​ယေ​ရော​ဗောင်​မ​ယား ဝင်​လော့။ အ​ဘယ်​ကြောင့် အ​ခြား​သော​သူ၏​အ​ယောင်​ကို ဆောင်​သ​နည်း။ ဝမ်း​နည်း​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ သင့်​ဆီ​သို့ ငါ့​ကို​စေ​လွှတ်​တော်​မူ၏။


ရှင်​ဘု​ရင်​က​လည်း၊ မှန်​သော​စ​ကား​မှ​တစ်​ပါး အ​ခြား​သော​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် သင်​သည် ငါ့​အား​မ​ဟော​မည်​အ​ကြောင်း၊ ငါ​သည် ဘယ်​နှစ်​ကြိမ်​တိုင်​အောင် သင့်​အား​အ​ကျိန်​ပေး​ရ​မည်​နည်း​ဟု မေး​သော်၊


ထို​အ​ခါ ဟေ​ရှာ​ယ​က၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​လော့။


ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊


ယ​ခု​တွင် တိတ်​ဆိတ်​စွာ​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့် သင်​တို့​ဘိုး​ဘေး​များ၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သင်​တို့​အား ငါ​ဆွေး​နွေး​ဟော​ပြော​မည်။


ရှော​လု​က၊ အာ​မ​လက်​ပြည်​မှ ဆောင်​ခဲ့​ပါ​ပြီ။ လူ​များ​တို့​သည် ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​လို​သော​ငှာ အ​ကောင်း​ဆုံး​သော သိုး​နွား​တို့​ကို နှ​မြော၍၊ ကြွင်း​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ပါ​ပြီ​ဟု ဆို၏။


ရှ​မွေ​လ​က​လည်း၊ သင်​သည် ကိုယ်​အ​ထင်​အ​တိုင်း ငယ်​သော​သူ​ဖြစ်​လျက်​ပင်၊ ဣ​သ​ရေ​လ​အ​မျိုး​တို့၏ အ​ထွဋ်​သို့​ရောက်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​နှင့် ထာ​ဝ​ရ​ဘု​ရား ဘိ​သိက်​ပေး​တော်​မူ​သည်​မ​ဟုတ်​လော။


မြို့​စွန်း​သို့ ရောက်​သော​အ​ခါ ရှ​မွေ​လ​က၊ သင်၏​ငယ်​သား​ကို ရှေ့​သို့​သွား​စေ​ခြင်း​ငှာ​ပြော​တော့​ဟု ရှော​လု​အား​ဆို​သ​ဖြင့်၊ ငယ်​သား​သည် ရှေ့​သို့​သွား​လေ၏။ ရှ​မွေ​လ​က​လည်း ရပ်​နေ​တော့။ ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ငါ​ပြန်​မည်​ဟု​ဆို​လျက်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ